Sunday, January 15, 2012

တယောက်ပြီး … တယောက်ပါပဲလား ဆရာ


Print PDF

ပရိဒေ၀ အပူမီး

ဖိစီးလောင်မြိုက်ပုံများ

ရင်မှာဆို့နင့် ရှိုက်သံ မဆဲနိုင်သေး

အပူမီးအပေါ် အပူမီးဆင့်

လောင်မြိုက်ပြင်းအား

လွမ်းတေးဖွဲ့ တည် မျက်ရည်တာရိုးကျိုးလေပြီ ။။






အပြာ  အ၀ါ

တံခွန်တိုင်မောင်နှမများ

တကွေ့ တော့ တွေ့ ကြဦးမည်

မြန်မာပြည်မြောက်ပိုင်း

ပြန်ပြောင်းတသသ

ဆရာ့စာပေကျေးဇူးကြီးလှပေစွ ။


တောအကြောင်း တောင်အကြောင်း

ဆရာနတ်နွယ်ရဲ့ဘ၀တစေ့တစောင်း

လွမ်းရတာ လက်ကုန်

ဟောဒီ ကမ္ဘာထဲမှာ

ကျနော်တို့  ရှင်သန်နေရပုံများ

ဘာဖြစ်လို့  …    ရှင်သေမင်းရယ်

တယောက်ပြီးတယောက်

ပျောက်ပျက်သွားအောင်လုပ်ရက်တယ် ။

အခုတော့ … ဗမာပြည်ကြီးတခုလုံးက

ဗမာပြည်ကြီးကိုယ်တိုင်က နာနာကျင်ကျင်နဲ့

သူ့  ရဲ့နှလုံးသားကို ခွဲထုတ်ပေးလိုက်ရပြန်ပြီ ….



အော် …. ဆရာနတ်နွယ်

ကမ္ဘာမြေအတွက် အဖိုးတန် ရတနာတွေ ထားခဲ့တယ်။

ဆရာ့ရုပ်ပုံလွှာကို ကျနော်တို့ဖွဲ့ နွဲ့ 

မျိုးဆက်သစ်တွေအတွက် ကဗ္ဗည်းတင်ထားခဲ့ပြီ …..

ဆရာ ကောင်းရာသုဂတိလားပါစေ ။

No comments:

Post a Comment