Monday, January 30, 2012

အတ္တတိမ်




မန်ကျည်းကိုးပင် နဲ. သဲကိုးဖြာ

ဘယ်ဒင်းကပိုပါသလဲ။

အတ္တကို အတ္တကစေ၊

သင်.ကိုသင် လှည်.စား

အမှားတွေမမြင်နိုင်လောက်အောင်


အ၀ိဇ္ဖာ အမှောင်ဖုံး

သင်တုံးလှ အ လှ ချည်.။ 
သင်ဘာကိုအလိုရှိ

ဆန္ဒကို တစ်ဘ၀စာတင် မကြည့်နဲ.၊

သံသရာခရီးတစ်လျှောက်

အမှောက်မှောက်၊အမှားမှား

ဘ၀တွေလည်းများလှပါပြီ။



ပြိုင်ဆိုင်မှုသဘော၊ အနိုင်ယူချင်ဇောနဲ.

အနှစ်အစစ်ကို မရှာဖွေ

အုန်းသီး ဆီဆွတ်ပြီး မျိုနေသမျှ

ရလဒ် က ဘယ်လှပနိုင်မလဲ။



သင်.အတ္တ တောက်ပြောင်ဘို.

သူတစ်ပါးရဲ. အသက် သွေး ချွေး

သိက္ခာ တွေ နဲ. ဆေးကြော

သင်ကော ဖွပ်သထက် မညစ်ပေဘူးတဲ.လား။

ငါချင်းငါထပ်၊ ငါသာအမြတ်ဆုံးလို.

အတ္တတိမ်သလ္လာဖုံး

မိုက်လုံးကြီး နေသမျှ

အလင်းသစ် ကောင်းကင်

သင် မမြင်နိုင်ပြီ။

သင်၏အနာဂတ်

အမှောင်တွေ အလီလီ။ ။
                      




                        :နှလုံးသားတစ်ခုဟာ

                        ဒဏ်ရာတွေဗလပွနဲ့

ခြေချစရာမရှိအောင်

ကြေမွနေတာတောင်မှ

အချစ်တစ်ခုကို မျှော်လင့်ဆဲပါပဲ........

ရူးသွပ်ခြင်းတွေထဲက

အမိုက်မဲဆုံး ဆန္ဒတခုပေါ့

မပိုင်ဆိုင်ရလည်း........ချစ်တယ်

စွန့်လွှတ်ခဲ့ရလည်း......ချစ်တယ်

အညတြမို့ ဘ၀ဆိုတာလည်းနားလည်တယ်

ချစ်သူ................

အရာရာကိုခွင့်လွက်ခဲ့တယ်ဆိုပေမယ့်

သ၀န်မတိုတဲ့ခံစားမှူ့ ဘယ်သူရှိမှာလည်း

မင်းနဲ့ငါအမုန်းမဲ့စွာ ခွဲခွာခဲ့ရတာ

ကံကြမ္မာရဲ့ရိုးမယ်ဖွဲ့ကြောင့်လားကွာ.....

ပတ်သတ်ခဲ့လေသမျှ

အိမ်မတ်တစ်ခုသာဖြစ်ခဲ့တယ်ဆိုရင်

ခုချိန်မှာ မင်းပေးခဲ့တဲ့ အလွမ်းဒဏ်ရာတွေနဲ့

အထီးကျန်ဘ၀ပါ...........

ခံစားချက်မဲ့တဲ့ နေ့ရက်တွေကို

ကျော်ဖြတ်ဖို့ အားမွေးရင်းနဲ့

မေ့ရခက်တဲ့ လွမ်းရက်များစွာအတွက်

အမြဲထာဝရမဟုတ်တောင်

တိုက်ဆိုင်မူ့ရှိတိုင်း..............

သတိရတက်ခဲ့မယ်ဆိုရင်

ငါကျေနပ်နိုင်ပါပြီ ချစ်သူရယ်..................

No comments:

Post a Comment