Sunday, January 29, 2012

နှစ်သစ်မှာ ဝဋ်ကြွေးရယ်ကျေချင်

ဘဝတွေက ဟောင်းပြီးရင်းဟောင်း
နှစ်တွေက သစ်ပြီးရင်း သစ်
အရင်ကနှစ်တွေထက်

ဒီနှစ်သစ်မှာကော
ပြောင်းလဲခြင်းတွေကြားမှာ တည်ငြိမ်ရင့်ကျက်ခြင်းတွေကသာ
ကျောက်ဆောင်လိုခိုင်မာမှ ဘဝတွေက
ပိုလို့လှပနိုင်မှာလေ............။     ။
ဒီနှစ်သစ်မှာ အရင်နှစ်တွေထက်
ကံဆိုးခြင်းတွေကို လူသားအားလုံးရှောင်လွဲနိုင်ကြစေ။       ။
နှစ်ဟောင်းကချစ်သူက ချစ်သူအသစ်နဲ့လက်တွဲခဲ့ရင်လဲ
ဆုတောင်းတွေထဲမှာ ရှေ့ဆုံးကရှိနေမှာပါ။       ။
ဘဝမှာအတွေးသစ် အမြင်သစ်တွေရရှိကာ
သံသရာအတွက် အဖန်ဖန်ပေးဆက်နေရတဲ့
နှစ်တွေထဲက ဘာဝနာတရား
ကျင့်ကြံအားထုတ်နိုင်ကြစေ။         ။
သူ့တပါးအတွက် အလုပ်လုပ်ပေးရတယ်ဆိုတာ
သံသရာအတွက် ပါရမီဖြည့်တာဖြစ်ချင်ဖြစ်မယ်
ဝဋ်ကြွေးတွေဆပ်တာဖြစ်ချင်ဖြစ်မယ်
ဘာပဲဖြစ်ဖြစ် သဒ္ဓါစိတ်ကလေးရရင်ပဲ ကျေနပ်တယ်။    ။

No comments:

Post a Comment