Saturday, January 28, 2012

ရဲဘော်ကြီးဦးနေ၀င်းနဲ့ မဆလပါတီ ရဲဘော်များ

ရဲဘော်ကြီးဦးနေ၀င်းနဲ့ မဆလပါတီ ရဲဘော်များ



စာရေးဆရာ အယ်ဒီတာ မောင်သော်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က မဆလ ပါတီဝင်တွေ အစည်းအဝေးပွဲလုပ်တဲ့အခါဖြစ်စေ၊ ပါတီ ညီလာခံ ကျင်းပတဲ့အခါမှာဖြစ်စေ မိန့်ခွန်းတွေ ပြောတဲ့အခါ ဖြစ်စေ ရဲဘော်တို့ ဆိုတဲ့စကားလုံးကို လှိုင်လှိုင်ကြီး သုံးခဲ့တာကို 
 
မှတ်မိကြမှာပါ၊  အဲဒီ ရဲဘော် ရဲဘော်တို့ဆိုတဲ့ စကားလုံးကို
နားခါးနေသူကတော့ ဆရာ မောင်သော်က ဖြစ်ပါတယ်။
ရဲဘော်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ဟောပြောပွဲ တချို့မှာ ဆရာထည့်ဟောခဲ့ဖူးပါတယ်။ မဆလ ပါတီဝင်းချင်း လမ်းမှာတွေ့ရင်တောင် ရဲဘော် ဘယ်သွားမလို့လဲ” “ရဲဘော် ဘယ်ကပြန်လာတာလဲစသဖြင့် နုတ်ဆက်နေတော့ကာ မြန်မာပြည်မှာ စပါးအထူးအထွက်တိုး စီမံကိန်း ဆောင်ရွက် နေတာ စပါးအထွက်တိုး မတိုးမသိပေမယ့် ရဲဘော်အထူး အထွက်တိုး စီမကိန်းကတော့ အရမ်းကိုအောင်မြင်နေတယ်လို့ ဆရာမောင်သော်က ပြောခဲ့ပါတယ်။ သက်ငယ် သက်လတ် သက်ရင့် စသဖြင့် သက်တန်းအလိုက် ရဲဘော်တွေက အထူးကို အထွက်တိုးပြီး တိုးတက်အောင်မြင်လာတာ တွေ့ရတယ်လို့ တေဇလူငယ် လမ်းစဉ်လူငယ်နဲ့ မဆလ ပါတီဝင်တွေ တနေ့တခြား တိုးပွားလာတာကို ရည်ရွယ်ပြီး သရော်ခဲ့တာတွေကို မှတ်မိနေပါတယ်။
ဆရာက မောင်သော်ကဟာ ဘာသာစကား အသုံးအနှုန်းနဲ့ ပတ်သက်ပြီး စာပေဟောပြောပွဲတွေမှာ ဟောပြောတဲ့အခါ ကိုယ့်ဆီက အင်မတန်ရိုင်းတဲ့ စကားလုံးဟာ တခြားနိုင်ငံတွေဆီမှာ အင်မတန်ယဉ်ကျေးတဲ့ စကားလုံး ဖြစ်နေတတ်သလို ကိုယ့်ဆီမှာ အင်မတန် လူပြောသူပြော များတဲ့ စကားလုံးတွေဟာ တခြားတိုင်းပြည်တွေမှာ နားရှက်စရာ စကားလုံးတွေ ဖြစ်နေတတ်ကြောင်းကိုလဲ ဟောပြောလေ့ရှိပါတယ်။
ဥပမာ ရန်ကုန်မြို့ကြီးမှာ ကောင်လေး ကောင်မလေး တွေ အရမ်းကိုအကြိုက်တွေ့နေတဲ့ Lee တံဆိပ် ဂျင်းဘောင်းဘီ အကြောင်းကိုလဲ ပြောခဲ့ဖူးပါတယ်။ စကားလုံးအသုံးတွေနဲ့ အသံထွက်တွေကို အထူးသတိထားသုံးကြဖို့ ပြောဆိုရင်းက အဲဒီအချိန်က နာမည်ကြီး အဆိုတော် စိုင်းထီဆိုင်း ဆိုတဲ့ ဋ်ရှိခဲ့လို့ အသည်းကွဲတာမဆန်းပါပြီဆိုတဲ့ စာသားကို အသံဝဲပြီး ဝတ်ရှီကယ်လို အသည်းကွဲတာ မဆန်းပါပြီလို့ ဆိုလိုက်တဲ့ အတွက်ကြောင့် နားထောင်ရသူအဖို့ ဝတ်ရှီကယ်လိုဆိုတာ ဘယ်သူလဲလို့ ထပ်ဆင့် စဉ်းစားခဲ့ရပုံကိုလဲ ပြောလေ့ရှိပါတယ်။ ဒီသီချင်းကို နားထောင်ပြီးနောက် သူဟာ ဝတ်ရှီကယ်လိုဆိုတဲ့သူကို စွယ်စုံကျမ်းတွေထဲမှာ ရှာကြည့်မိတယ်။ ဝတ်ရှီကယ်လို ဆိုသူဟာ ဂျပန်နိုင်ငံက နာမည်ကြီး ပန်းချီဆရာကြီး တဦးဖြစ်တယ် ဆိုတာကိုတွေ့လိုက်ရတဲ့အခါ သီချင်းဆိုသူကို အတော့်ကိုပဲအထင်ကြီး လေးစားသွာမိကြောင်းနဲ့ ဒီပန်းချီ ဆရာကြီး ဘယ်လိုအသည်းကွဲ ခဲ့တယ် ဆိုတာကို ရှာဖွေဖတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝတ်ရှီကယ်လိုဟာ လူတွေရဲ့ သဘာဝပုံတူတွေကို ရေးဆွဲတဲ့နေရာမှာ အင်မတန်နာမည်ရခဲ့တဲ့ ကြည်ညို လေးစားခံ ပန်းချီဆရာကြီးတဦးဖြစ်ပါတယ်။ တနေ့မှာတော့ အင်မတန်လှပပြီး ရင်ခုန်စရာကောင်းတဲ့ ကောင်မလေး တဦးရောက်လာတယ်၊ မော်ဒယ်အဖြစ် ဟန်ရေးပြ ပေးခဲ့ပါပါတယ်။ ပန်းချီဆရာကြီးဟာ ရင်ခုန်စရာ ကောင်းတဲ့ ကောင်မလေးရဲ့ ကိုယ်လုံးတီပုံတူ ပန်းချီကားကို စတင် ရေးဆွဲပါတယ်။ ခါတိုင်းဆို သူ့ရဲ့ ရေးချက်တွေဟာ သွက်လက် နေပေမယ့် ဒီတချီမှာတော့ နှလုံးတုန်ရင်ခုန်လက်တုန် ဖြစ်ပြီး ပုံဆက်ရေးဖို့ အခက်တွေ့နေခဲ့တယ်။ ဒါ့ကြောင့်ရေးလက်စ ပန်းချီကားကို ခဏရပ်လိုက်တယ်၊ ကောင်မလေးကို တဝကြီးထိုင်ကြည့်မိတယ်။ စဉ်းစားသာကြည့်လိုက်ပေတော့ ဒီဆရာကြီး ရင်ခုန်သံတွေ ပိုမြန်လာတော့တာပေါ့၊ ဒါ့ကြောင့် ကောင်မလေးနားတိုးသွားတယ်၊ ကောင်မလေးရဲ့ အင်မတန် လှပတဲ့ မို့မောက်နေတဲ့ နေရာကို ကိုင်ကြည့်လိုက်ပါတယ်။
ဒီမှာပဲ ပြသနာက အထွတ်အထိပ်ကို ရောက်သွား တော့တယ်။ ကောင်မလေးရဲ့ လေးစားနေတာကို အခွင့်ကောင်း ယူသလိုဖြစ်သွားတာကြောင့် ကောင်းမလေးရဲ့ အထင်သေးတာကို ပန်းချီဆရာကြီး ခံစားလိုက်ရတယ်။ ကောင်မလေးက အဝတ်အစားတွေ ပြန်ဝတ်ပြီး ပန်ချီဆရာကြီးကို အထင်သေးစကားတွေ ပြောဆိုကာ ပန်ချီရေးတဲ့ အခန်းထဲကနေ ထွက်သွားခဲ့တယ်။ ဗမာလို တွေးကြည့်ရင်တော့  နှာဘူးကြီးလို့ ပြောလိုက်ပုံ ရပါတယ်။ ပန်ချီဆရာကြီး ဝတ်ရှီကယ်လိုဟာ ရေးလက်စကောင်မလေး ပုံတူပန်းချီကားကိုကိုင်ပီး မြစ်တမြစ်ကို ဖြတ်ဖောက်ထားတဲ့ တံတားအလယ်ခေါင် တည့်တည့်ကို ရောက်အောင် သွားခဲ့တယ်။ ပြီးတော့ အဲဒီတံတားပေါ်ကနေ ပန်းချီကားနဲ့ အတူ မြစ်ထဲကို ခုန်ချပီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် လိုက်တယ်။ တကယ့်ကိုပဲ အသည်းကွဲပြီး သေပွဲဝင်ခဲ့တဲ့ အနုပညာရှင်ကြီး ဖြစ်နေတာကို သိလိုက်ရတော့ သီချင်းရေးတဲ့ သူကိုကော သီချင်းဆိုတဲ့ အဆိုတော်ကိုပါ လေးစားသွာခဲ့ ဖူးကြောင်း ပြောဆို ခဲ့ဖူးပါတယ်။
ကဲ ဒီလိုပဲ ရုရှနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဆိုရှယ်လစ်ညီလာခံကြီးမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပါတီကိုယ်စားလှယ်တော်တဦးဟာ မဆလပါတီကိုယ်စား မိန့်ခွန်းရှည်ကြီး တခုကို ပြောခဲ့ပါတယ်။ မဆလ ရဲ့ မိန့်ခွန်းဖြစ်တာနဲ့အညီ စလိုက်ကတည်းက ရဲဘော်တို့ ဆိုတဲ့ စကားလုံးနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။
မိန်းခွန်းပြော နေရင်းကနေလဲ ရဲဘော်တို့ ဆိုတဲ့ စကားလုံးက မကြာခဏ ဖြတ်ဝင်လာပြန်ပါတယ်။ ညီလာခံ စင်ပေါ်ကနေ ရဲဘော်ဆိုတဲ့ စကားလုံးကို သုံးလိုက်တိုင်း ဆိုဗီယက်က ကိုယ်စာလှယ်တော်ကြီးတွေက ဟာဆိုတဲ့ အာမေဋိတ် အသံထွက်လာပြီး ခေါင်းတွေကို အောက်ကို ငုံ့ငုံ့သွားတာကို မဆလကိုယ်စာလှယ်ကြီးကတွေ့ နေရပါတယ်။  မဆလ ကိုယ်စား လှယ်တော်ကြီး ထင်နေတာက သူက ရဲဘော်လို့ ခေါ်လိုက်တိုင်း ဟာဆိုတဲ့ အသံကြီးက ပေါ်ပေါ်လာ တာကြောင့် သူ့မိန်းခွန်းကို ထောက်ခံနေတယ်လို့ ထင်နေမိတော့တာကိုး၊
မဆလ ပါတီဆိုတာကလဲ အခုစစ်အစိုးရက ကိုယ်စားလှယ်တော်တွေလိုပဲ ပေးလိုက်တဲ့ မိန့်ခွန်းကိုသာ တသွေ မတိမ်းဖတ်ပြကြရတာ မဟုတ်လား၊ အပိုထဲ့ပြောဆိုခွင့် မရှိပါဘူး၊ အပိုထဲ့ပြောလို့ရတာက အန္တရာယ်မပေးနိုင်တဲ့ ရဲဘော်ဆိုတဲ့ စကားလုံးပဲ ရှိတာမဟုတ်လား။ ကိုယ်စားလှယ်ကြီးက သူ့ကိုထောက်ခံတယ် ထင်တာက တကြောင်း၊ သူပိုင်ပိုငိနိုင်နိုင် ပြောဆိုနိုင်တဲ့ စကားလုံး ဖြစ်တာလဲ တကြောင်း၊ ဘယ်လောက်ပဲ ရဲဘော်ဆိုတဲ့ စာကားလုံးကို အပိုတွေထဲ့ပြောပြာ အန္တရာယ်မပေးနိုင်တာက တကြောင်းဆိုတဲ့ အကြောင်းကြောင်းသော အကြောင်း ကြောင်း တွေကြောင့် သူ့မိန့်ခွန်းတနာရီခွဲစာမှာ ရဲဘော်ဆိုတဲ့ စကားလုံး တရာမက အပိုထဲ့ပြောလိုက်တယ်ဆိုပါတယ်။
တကယ်တော့ ရဲဘော်ဆိုတဲ့ စကားလုံးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွက် အရေးကြီးတဲ့ အခေါ်အဝေါ် စကားလုံး ဖြစ်နေပေမယ့်၊ ရုရှတွေကြားထဲမှာက လူယဉ်ကျေး အသိုင်းအ၀န်းရှေ့မှာ အသံထွက်ပြောလို့ မရတဲ့ စကားလုံးဖြစ်နေတယ်ဆိုတာကို မဆလ ရဲဘော်ကြီးများက မသိခဲ့ဘူးလို့ဆိုပါတယ်။
ရဲဘော်ဆိုတာကတော့ ရုရှတွေကြားထဲမှာ မူးရူးလာပြီး ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆိုကြတဲ့အခါမှ ပြောကြတာပါ၊ အမျိုးသမီးအင်္ဂါကို မိုက်မိုက်ရိုင်းရိုင်းပြောတဲ့ အကြမ်းတမ်းဆုံး စကားလုံး ဖြစ်နေတယ်လို့ ဆရာမောင်သော်ကဟောခဲ့ပါတယ်။ ဆရာမောင်သော်ကဟာ ဟောပြောပွဲတချို့မှာ ရဲဘော်ဆိုတဲ့ အသုံးအနှုန်းအကြောင်းကို ရှင်းလင်းပြောပြခဲ့ပြီးတိုင်း မဆလ ပါတီဝင်တွေထဲမှာတော့ ရာထူးသေးနေရင် တော်သေးတယ်၊ ရာထူးကြီးနေရင်မလွယ်ဘူး၊ စဉ်းစားကြည့်ကြစမ်းပါ ခင်ဗျားတို့ ရဲဘော်လေး လို့အခေါ်ခံမလား ဒါမှမဟုတ် ရဲဘော်ကြီးလို့ အခေါ်ခံမလားကြမလားလို့  စင်ထက်ကနေ ပရိတ်သတ်ကို ပြုံးစစနဲ့ မေးနေတဲ့ ဆရာမောင်သော်က ရုပ်ပုံလွှာကို မြင်ယောင် နေမိပါတော့တယ်။
          ဆရာမောင်သော်က ပြောတဲ့ ပုံပြင်တွေကို နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလုံး ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ၊

No comments:

Post a Comment