Monday, January 30, 2012

နင်နဲ့ နီးစပ်ဖို့




နင်က မိုးစက်လေး ဆို ငါမြေကြီး ဖြစ်ချင်တယ်

ဒါမှ ထိတွေ့ခွင့် ရမှာလေ...

နင်က လက်ဖ၀ါး ဆို ငါကလည်း လက်ဖ၀ါးပဲပေါ့

ဒါမှအသံမြည်မှာလေ...

နင်က လေပြေလေညှင်း ဆို ငါက သစ်ရွက်ကလေး

ဒါမှ နင့်နောက်ကို ငါ လိုက်လို့ရမယ်လေ...

နင်က ကြယ်လေးတစ်ပွင့် ဆိုရင်တော့

နင်နဲ့နီးစပ်ဖို့အတွက်

ကြယ်ကြွေတာလေးကိုပဲ စောင့်ရမှာပေါ့.

No comments:

Post a Comment