Sunday, January 29, 2012

စိတ္တဇမျော်လင့်ချက်

ကောင်မလေးရေ
ငယ်ကတည်းက သံယောဇဉ်
မြတ်နိုးတွယ်တာလွန်းစွာ
အရိပ်တကြည့်ကြည့်နဲ့

တိတ်တခိုး
ကြည်နူးခဲ့သူပေါ့
ကျောင်းသွားအတူတူ
ကျောင်းပြန်မခွဲမခွာပေမဲ့
တကယ်တော့လဲ
မရင်နှီးကြသူတွေပေါ့
အချိန်တန် အရွယ်ရောက်တော့
မာနနဲ့ က္ကုနြေ္ဒအောက်မှာ
အလဲလဲအပြိုပြို အချစ်များ
တစ်နေ့နေ့တော့
မျှော်လင့်ခြင်းနဲ့
အခါခါသက်ပြင်းချခဲ့ရပေါ့
ရင်ခုန်ဖွယ်ရာ နေ့တစ်နေ့မှာတော့
ခင်မင်ခွင့်နှင့်မိတ်ဖွဲခဲ့စဉ်
ကောင်မလေးရဲ့  နဘေးက
တိုးညှင်ချိုဖြားခေါ်သံလေးက
““ မေ””တဲ့လားကွယ်....။

                                                         စိုင်း

No comments:

Post a Comment