နှလုံးသားက ဆန္ဒကို
ဦးနှောက်က ထိန်းချုပ်လို့ မရနိုင်
ပိုင်ဆိုင်လိုတဲ့ ငါ့ဆန္ဒကို
အခြေအနေက မျက်နှာသာမပေး
. . .
ပျော်နေခဲ့တယ် ထင်လား
မချိပြုံး ပြုံးနေခဲ့တာပါ
အချစ်က ထင်သလို မဖြစ်ခဲ့တော့
ဖြစ်ပျက်ခဲ့တဲ့ အချစ်အပေါ်
အလွမ်းနဲ့ ကုစားရတာ
ခက်ခဲလွန်းပါရဲ့
ကျောပေါ်မှာ သယ်ပိုးထားရတဲ့
အလွမ်းက
ငါ့ကိုယ်ငါတောင် မတ်မတ်မရပ်နိုင်အောင်
ဖိစီးလွန်းတယ်
ခေါင်းခွံထဲမှာ ရှိတဲ့
ဦးနှောက်ကလဲ အလကားပဲ
နှစ်ပေါင်းအတော်ကြာအောင်
သိုလှောင် စုဆောင်းခဲ့တဲ့
အသိတွေ
အတွေးတွေ
ဆင်ခြင်တုံတရားတွေ
အားလုံးအားလုံး
ဘယ်ရောက်ကုန်ပြီလဲ
နှလုံးသားက ဆန္ဒကို
ဦးနှောက်က ထိန်းချုပ်လို့ မရနိုင်
ပိုင်ဆိုင်လိုတဲ့ ငါ့ဆန္ဒကို
အခြေအနေက မျက်နှာသာမပေး
ဘ၀ဟာ ခါးလွန်းတယ်လို့ မပြောချင်ပေမယ့်
ချိုမြိန်နေခဲ့တာတော့ မဟုတ်ပါဘူး
ပြီးဆုံးသင့်လို့
အဆုံးသတ်ခဲ့ပေမယ့်
တစ်ခန်းမရပ်နိုင်သေးတဲ့ ငါ့ အချစ်တွေက
တစ်ပင်တိုင် အလွမ်းနဲ့
နောက်ပိုင်းဇာတ်ထုပ်ကို
မနိုင်မနင်း “က” လို့....
No comments:
Post a Comment