Monday, January 30, 2012

ကမ္ဘာဦး.အချစ်

 


အချစ်ရေ………
မင်းအတွက် အိမ်လေးတစ်အိမ်ဆောက်ထားတယ်
ဟိုး…..တောင်ကုန်းလေးတစ်ခုပေါ်မှာပေါ့..
……..

အဲဒီတောင်ကုန်းလေးက မင်းကိုတစ်ခဏမေ့မိတိုင်း

ကျောက်ခဲလေးတစ်လုံးပုံရာကနေဖြစ်လာတာလေ.
မေ့တယ်ဆိုလို့တော့ စိတ်မကောက်ပါနဲ့အချစ်ရယ်…………

ဟောဟို ဘက်က တစ်သွင်သွင်စီးနေတဲ့စမ်းချောင်းလေးမှာ
လှေအတူလှော်ကြမယ်လေ……
အဲဒီစမ်းချောင်းလေးက မင်းကိုတစ်ခါလွမ်းတိုင်း….

ရေတစ်ပေါက်လောင်းရာကနေဖြစ်လာတာလေ……………

အဲဒီစမ်းချောင်လေး ရဲ့ဟိုတစ်ဖက်ကမ်းမှာ…..မျက်စိမဆုံးနိုင်အောင်ပွင့်နေတဲ့
ပန်းတစ်ခင်းရှိလေရဲ့……..
အဲဒီပန်းခင်းကတော့ မင်းအနမ်းတွေ တစ်ခါတမ်းတမိတိုင်း မင်းအတွက်
မောင် ပျိုးခဲ့တဲ့ပန်းခင်းပေါ့ အချစ်ရယ်………………

အဲဒီပန်းခင်းထဲမှာ အချစ်ကို မပျင်းရအောင်

တေးဆိုချော့မယ့် ငှက်ကလေးတွေရှိကြတယ်………
အဲဒီငှက်လေးတွေကတော့ မင်းလာရင်တေးဆိုပြဖို့

မောင့် အလွမ်းတွေအကြောင်းနေ့စဉ်နားထောင်လေ့ရှိတယ်………..

ဒါပေမယ့်အချစ်ရယ်…………
မင်းမရှိတဲ့အိမ်ကလေးက ဆောင်းညလယ်တွေမှာ……

အချမ်းလွန်လို့ ညည်းရှာတယ်…….
နွေရက်ရှည်တွေမှာတော့ သူရဲ့ အထီးကျန်မှုကို လူမသိအောင် ကြိတ်ငိုတက်တယ်………...

စမ်းချောင်းကလေးကရော….
မင်းကိုမျှော်ရင်း…..

ဆောင်းရက်တွေမှာအေးခဲခြင်းနဲ့ အသားမကျနိုင်လို့ မင်းကိုပဲ တမ်းတနေတယ်
နွေရက်တွေမှာတော့ သူပျော်နေတာတွေ့ရပါတယ်..

မင်းကိုတော့ ငြိမ့်ငြိမ့်လေးလွမ်းတယ်တဲ့…………
ပန်းကလေးတွေကတော့ မင်းကို အချစ်ဆုံးပဲ…………..
မင်းလာရင် ကြိုဆိုဖို့….သူတို့ရင် ဘက်တွေကို အစွမ်းကုန်ဖွင့်ထားတာ…………
ဆောင်းညလယ်နဲ့ နွေရက်ရှည်တွေတောင် မအိပ်စက်ကြဘူး………………

မောင် သနားနေတာတော့ ငှက်ကလေးတွေပါ…………..
.မင်းအတွက်ဆိုပြချင်နေတဲ့ သီချင်းလေးတွေ ရင်ဘက်ထဲပိုက်လို့……

..နှုတ်ဆိတ်တေးမြုံနေကြတယ်လေ…………..
မောင့် အကြောင်းဘာလို့ မပြောတာလဲ မေးမလို့လား……………
မောင်က အဲဒီနေရာလေးကို စွန့်ခွါခဲ့တာကြာပြီလေ……

မင်းကို ကမ္ဘအနှံ့ရှာမလို့ပေါ့………………

တစ်ကယ်လို့များ မင်းပြန်ရောက်လာခဲ့ရင်တော့ စိတ်မပူပါနဲ့ကွယ်……….

..ပန်းကလေးတွေက လေညှင်းကတဆင်း မောင့်ကိုအကြောင်းကြားပါလိမ့်မယ်……..

ဒါမှ မဟုတ်
ငှက်ကလေးတွေက တဆင့်စကားနဲ့ မောင့်ထံကြားစေပါကွယ်…………..

ဒါမှမဟုတ်…………
စမ်းချောင်းလေးကတစ်ဆင့် စာလွှာစကားနဲ့ မောင့်ထံပါးပါကွယ်

ရောက်ရာ အရပ်ကနေ မောင် အပြေးပြန်လာခဲ့မှာပေါ့……………

No comments:

Post a Comment