ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ်