Showing posts with label ချင်း( ခူမီး) လူမျိုးတို့ဧ။် ယဉ်ကျေးမူး. Show all posts
Showing posts with label ချင်း( ခူမီး) လူမျိုးတို့ဧ။် ယဉ်ကျေးမူး. Show all posts

Monday, January 30, 2012

အဖြူသက်သက်



နာကျင်စရာတွေနဲ့...
ခံစားချက်မဲ့ နေတဲ့
ငါ့ရင်ထဲမှာ....
နင့် အတွက် စကားတွေရှိတယ်........။

ချစ်သူရယ်.....
နင်က .. ငါ့ရဲ့ ပင်လယ်ပါ.....
နားလည်ရခက်တဲ့ ရာသီဥတုနဲ့...
မုန်တိုင်း တစ်ခါ လေပြေ တစ်လှည့်....
ငါ့ အသည်းကို...
တစ်စစီ ချွေဖဲ့ ခဲ့တယ်............။

Friday, January 27, 2012

ချင်း ဧည့်ကြို ထမင်းစားဖိတ်ပွဲ

ချင်း ဧည့်ကြို ထမင်းစားဖိတ်ပွဲ

ဇလပ်နီ – ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင် ခေတ်နှင့် မလျော်ညီသော ရိုးရာဓလေ့များရှိသလို လူမျိုးအင်္ဂါရပ်အဖြစ် ထိန်း သိမ်းသင့်သည့် ရိုးရာယဉ်ကျေးမှုများလည်းရှိသည်။ ချင်းလူမျိုးစုများအတွင်း ဒေသအလိုက်သော်လည်းကောင်း၊ မျိုးနွယ်စု အလိုက်သော်လည်ကောင်း ရိုးရာယဉ်ကျေးမှုမြောက်မြားစွာရှိခဲ့သည်။ သို့သော် ခေတ်နှင့် မလျော်ညီသော ရိုးရာများကို ဖျောက်ဖျက်ခဲ့ကြသည့် နည်းတူ ယနေ့ထက်ထိတိုင် ထိန်းသိမ်းလာခဲ့ကြသည့် ရိုးရာ ဓလေ့များလည်း ရှိသည်။