Friday, April 13, 2012

ရန်ကုန်-ဒလ ကူးတို့  သင်္ဘော ၀န်ထမ်းများ ပြေစာလွတ် တန်ဆာခမတရားကောက်ခံနေ




 ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလက်အောက်ရှိ ရန်ကုန်-ဒလ ကူတို့  သင်္ဘော
ဆိပ်( ပန်းဆိုးတန်း )တွင် နေစဉ်ခရီးသွား များထံမှ တန်ဆာခများကို ၀န်ထမ်းများမှ မတရားကောက်ခံနေသည်ဟုသိရပါသည်။

 လက်မှတ်အရောင်း ဌာနများ ရှိသော်လည်း အ၀င်အ၀ တွင် ၀န်ထမ်း ၂ ဦးခန့်
အမြဲထားရှိပြီး ခရီးသွားပြည်သူတို့ထံမှ သာမန် ခရီဆောင် အိတ်များကိုပင် တန်ဆာခ ဆောင်ခိုင်း နေပါသည် ။

ဒလ-တွံတေး - ကွမ်းခြံကုန်း-ကော့မှုး စသည်ဒေသများမှ  ခရီးသွားများသည် ကျေးလက်ဒေသ မှ ခရီးသွားအများဆုံးဖြစ်သည့်အတွက် ၀န်စည်စလှယ်များကို မြွေရေခွံအိတ်များ -ခြင်းများ - တောင်းများဖြင့်သာ သယ်ဆောင်လေ့ရှိကြပါသည် ။

ထို့  သို့  သယ်ဆောင်လာသော အိတ်မည်သည့်အရွယ်အစားကိုမဆို  တန်စာခ အတင်းအကြပ်ကောက်ခံနေသည့်အပြင် ကောက်ခံသူဝန်ထမ်းမှာလည်း ဆက်ဆံရေးမပြေပြစ် ပဲ ဟိန်းဟောက်ခြောက်လှန့်ကာ ကျေးလက်နေ ပြည်သူများထံမှ သတ်မှတ်နှုန်းထားများ၊ ပြေစာဖြတ်ပိုင်းများ မရှိပဲ  ပြေစာလွတ်ကောက်ခံနေသည်ဟုသိရပါသည် ။

ထို့ကြောင့် ရန်ကုန်-ဒလ ကူးတို့  သင်္ဘောဆိပ်ရှိဝန်ထမ်းများအား လိုအပ်သလိုစုံစမ်း စီစစ်ကြီးကြပ် ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရသည် ။

No comments:

Post a Comment