ကဗျာ

                     
                    ဒေါင်းဟာဒေါင်းပါပဲ
  စံနစ်တွေ ဘယ်လိုပြောင်းပြောင်း
ဒေါင်းအလံဒေါင်းအရိပ်အောက်က ဒေါင်းစိတ်ကမပြောင်း။
အုပ်ချူပ်သူတွေ ဘယ်လိုပြောင်းပြောင်း
ကိုယ်ကျိုးစွန့်အနစ်နာခံ မတရားတဲ့အမိန့်တွေတော်လှန်ရေးက
မပြောင်း။။။။။။။
ငိုနေသူတွေ ခိုကိုးရာမဲ့သူတွေ
မျက်ရေသုတ်နေရာပေး လွတ်မြောက်ရေးလမ်းစပေး
ကိုယ့်အေ၇းကို ဘေးချိတ် မအေးတဲ့စိတ် ပြည်သူ့တို့အတွက်
ထောင်အလီလီကျစေဦးတော့ဘယ်တော့မှမလျှော့။။။။
ကိုယ့်ကိုကိုယ် မပိုင် နိုင်ငံအပေါ်သစ္စာနှင်း   
ထောင်ထမင်းထောင်ဟင်း နဲ့အသက်ဆက်
အရာရာပြည်သူ့အတွက်။။။။။။။။။
ငါ့အတွက်မဟုတ် ငါ့မိသားစုအတွက်မလုပ်
ငါ့ခန္ဒာ ငါ့အသွေးအသား
ပြည်သူ့အရေးထား လေးစားစိတ်နဲ့
ဒေါင်းအရိပ်မှာဒေါင်းစိတ်နဲ့ လူ။။။။
စ ။ ။