Sunday, April 15, 2012

ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ
ဓါတ်ပုံ (မြင့်ရွှေ-ဖေ့စ်ဘုတ်)
Bangkok Post သတင်းစာတွင်ပါရှိခဲ့သော ဦးခင်ညွန့်နှင့်

တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook

စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသားထားပြီဖြစ်ကြောင်းတွေ့ရသည်။

ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး

သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ
ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင်

ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊
မြန်မာလူမျိုးတစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း

ဦးမြင့်ရွှေကရေးသားထားသည်။
"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများရေးသားလေ့ရှိပြီး၊
ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက်

ကျွန်တော့်တွင်ရှိကြောင်းကိုတော့
ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။

သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ

မူလသူရေးသားပေးပို့ထားသည်နှင့်
ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။
သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို

"ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့်
မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed

man.)"ဟုရေးသားထားသော်လည်း
သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား

အထားအသိုများနှင့်
အရေးအသားဟန်ပါမတူတော့သည့်အပြင်

သူမရေးသားခဲ့သည်တို့လည်းပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။

အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့်

ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့်

အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းဦးမြင့်ရွှေကရေးသားရှင်းလင်းထားသည်။

ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင်

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု

ဦးခင်ညွန့်ကပြောကြားကြောင်းလုံးဝမရေးသားခဲ့။ သူ၏

လေ့လာသုတေသနပြုချက်များအပေါ်အခြေခံ၍သာလျှင်အမှန်ဟု
သူယုံကြည်သည်တို့ကိုရေးသားခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။

ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ်
ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က

ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေက
ရှင်းပြထားသည်။

Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့်စာသားများထဲမှ

ဝေါဟာရတစ်ခုဖြစ်သည့်
"အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု

မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။

အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍
စေတနာကောင်းဖြင့်ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။

"ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ်

စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့်
ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု

ဦးမြင့်ရွှေကဆိုထားပါသည်။

No comments:

Post a Comment