Thursday, March 22, 2012

သီတင်းကျွတ်ည

ဟေ့..................
ဒီည ငါအတိတ် အနာဂါတ် အားလုံး
ရွေ့လျားနေတဲ့ လပြည့်ညအောက်
ငွေရောင်လွှမ်းသွား။
ဟေ့........
ဒီကာလ ငါ အချစ် အမုန်း အားလုံး
ထိန်ညီးနေတဲ့ မီးပုံးလှအောက်
ရွှေရောင်လွှမ်းသွား။
ဟေ့........
ဒီမျှ ငါ့ရင်ထဲက အရာအားလုံး
လတ်ဆတ်နေတဲ့ မီးရှူးပန်းအောက်
တဖြောက်ဖြောက် ကြွေသွား။
အင်အားများအားလုံး
ရှေ့ဆက်မယ့်ခရီးအတွက်
အသင့်ပေါ့။

No comments:

Post a Comment