Monday, March 19, 2012

သို့…………..မြတ်နိုးသူ


မသိစိတ်ရဲ့ တောင်းဆိုမှူတွေ
ဦးနှောက်ကပေးပို့တဲ့ အဆုံးအဖြတ်တွေ
နှလုံးသားက လှုံ့ဆော်မှူတွေနဲ့ 
နှုတ်ခမ်းနှစ်လွှာက ပွင့်အံလာတဲ့
ရင်ထဲကဆန္ဒ တစ်ခုကို
အချစ်လို့ အဓိပ္ပါယ်ဖွင့်ရင်
ရိုးသားလွန်းတဲ့ မျက်ဝန်း
ဖြူစင်လွန်းတဲ့ အပြုံး
စည်းစောင့်တတ်တဲ့ နှလုံးသားလေး
ပိုင်ဆိုင်ထားတဲ့ မင်း
ရှေ့တိုးမှာလား
စွန့်ခွာသွားမလား…………?

No comments:

Post a Comment