Thursday, March 22, 2012

နှစ်ဘက်လွှ

ဆန့်ကျင်ဘက်ဆိုတာ
တောင်နဲ့မြောက်
လက်ဝဲနဲ့လက်ျာ
ဘယ်ဟာဖြစ်ဖြစ်
အားလုံးမှာ အချစ်နဲ့အမုန်းပါတယ်

မေတ္တာတရားကိုကိန်းသေပြု
လိုအင်ကိုညီမျှခြင်းလုပ်
သစ္စာကို ချစ်ခြင်းနဲ့မြှောက်မလား
အဖြေက ချစ်ခြင်းမဟုတ်တဲ့မုန်းခြင်းလား
မသေချာမရေရာရင်
မှန်းဆအဖြေက မေတ္တာကိုနှစ်ထပ်ကိန်းနဲ့ညွှန်းမလား

သေချာသွားတာက
လိုအင်တွေအတောမသတ်တော့
အရာရာကိုရွေးချယ်ချင်နေတာ
အတွင်းစိတ်ကသိုသိုသိပ်သိပ်နဲ့
လော်လီသွားတဲ့သစ္စာတရား
ဖောက်ပြားမှုနယ်ပယ်ကို
အပိုင်းစားရသွားတယ်

ဒါဟာအဖြေဆိုရင်
ရလဒ်ကလိုအင်နဲ့ထပ်တူကျလား
ရေရာတဲ့အဖြေမတွေ့ခင်
ခံစားလိုက်ရတာက
နယ်ပယ်ရဲ့ခံစားခွင့်ထဲကအကျိုးအမြတ်တခုကိုလေ

ဘဝကိုအရင်းတည်
သစ္စာတရားကိုရောင်းစား
အမြတ်ထွက်လာတာက
ရင်တွင်းဖြစ်ရှင်သန်ခြင်းတခုပေါ့…………။။

No comments:

Post a Comment