Thursday, March 22, 2012

အကြင်

မွေးရာပါလား သူ့အားကြင်နာ
ထာဝရမှာ ကဗျာဟာ မလှခဲ့ပေမယ့်
အရှုံး နဲ့ အမုန်း အတုန်းအရုံးပြိုလဲဖို့
မဖြစ်တာ ရင်မှာသိတာမို့.................။

ကမ်းပါပြိုတိုင်း
ပဲ့ကျသွားတဲ့မြေသားလို
မလှမပဘဝနဲ့တော့ မဟာမဆန်ချင်ခဲ့ဘူးလေ...........။

မထင်မရှားအမှတ်အသားတစ်ခုနဲ့တော့
ငါ့ရင်ကိုဖွင့်ထားခဲ့မယ်
နင်မသိတောင် အများကအသိအမှတ်ပြုခံစားပေမယ်ဆို
ငါကျေနပ်ပေးမှာ နေသားတကျရယ်ပေါ့........။

မှားခဲ့ပါတယ်ဆိုရင်
ခွင့်လွှတ်ရမှာအစဉ်သာမို့
ထည်ဝါနေတဲ့ငါ့ရဲ့ အကြင်.............။

No comments:

Post a Comment