Wednesday, March 21, 2012

အလွမ်းခြေရာ







တစိမ့်စိမ့်ကြည့်
တရိတ်ရိတ်တွေး
တမြေ့မြေ့ဆွေး
ငါ့လက်ထဲက
မင်းဓာတ်ပုံလေး

ထိုစဉ်အတိတ်
ပြန်လည်ကြားယောင်
ချစ်သူ့ခေါ်သံ
မ..ရေ။မ...ရေ...
အရမ်းချစ်တယ်။

ချစ်သူအပြုံး
ရင်သို့တိုးဝှေ့
ငါ့ရဲ့အနား
အရိပ်ပမာ
ထာဝစဉ်သာ
သူစိုးမိုးတယ်

အမှတ်မထင်
ကံကြမ္မာဆိုး
တိုးလို့လာခဲ့
ထိုတနေ့ဝယ်
မေ့လိုက်ပြီတဲ့။

သြော်..ခုတော့လည်း
ဖဲ့ခြွေကိုက်စား
ငါ့နှလုံးသား
ကြင်နာမှုမဲ့
နာကျင်မှု့နဲ့
ဝေးလွှင့်ခြင်းရဲ့
နောက်ဆုံးခြေရာ
အလွမ်းရင်သို့
တည်နေတာလား..

No comments:

Post a Comment