Thursday, March 22, 2012

အမှတ်တရချစ်သူများည

နှင်းဆီတွေမပါဘူး

ပကာသနလဲမပါဘူး

ခဝါချစရာမာနလဲမရှိပါဘူး...............

အချစ်တွေသာဗရပွနဲ့

အနန္တစကြာဝဠာတစ်ခုလုံးကို

အပြုံးတွေနဲ့မော်ကြည့်

အနမ်းတွေကိုရှိုက်ဖိုမိရင်း

ကြည်နူးခဲ့ကြပေါ့

ပြီးခဲ့တဲ့ချစ်သူများညမှာလေ.............

ခုတခါလာပြန်တဲ့

ဒီလိုညမျိုးမှာ

အဝေးရောက်အနမ်းတွေနဲ့အတူ

ပို့လာတဲ့ e ချောကလက်တွေ

နှင်းဆီတွေတပုံတပင်နဲ့

ခပ်မဆိတ်ချစ်ခြင်းလက်ဆောင်ကို

အနမ်းတစ်ရာနဲ့သာ

ရမလားရယ်လို့

အင်တာနက်ကဖေးတခုခုမှာ

ငံ့လင့်စောင့်စားနေမိတာ

ကာရံလဲမပါဘူး

မာယာဟန်လဲမညာပါဘူး

ခရီးသွားဟန်လွှဲလည်းမဟုတ်ဘူး

ယုံကြည်ရသူချစ်သူအတွက်

ပုံအပ်ထားတဲ့အချစ်တွေကို

သူ့နောက်ကွယ်သစ္စာပြုတယ်

မြန်မြန်နီးဖို့ရင်ဆိုင်မယ်အလွမ်းတွေ

ပြန်ရောက်မယ့်ချစ်သူများညလို

ပျော်မွေ့ဖွယ်အချစ်နှုတ်ခမ်းလေး

တမ်းတရင်းဆွေး.................

No comments:

Post a Comment