Sunday, March 25, 2012

တစ်နေ့နေ့တော့

 

လက်တွေ့ဆန်တဲ့လောကထဲ
အိမ်မက်တွေကို အရည်ဖျော်
သောက်သုံးဖို့ကြိုးစား..။

မျှော်လင့်ချက် ရောင်ခြည်သန်းနေတဲ့
အငွေ့သက်တွေကို ရှုရှိုက်...

မွန်းကျပ်စွာ လှိုက်မောလို့..
လည်မြိုမှာ စို့နင့်လို့ရယ်.....။

သိပ်ချစ်တယ်ဆိုပေမယ့်လည်း...
မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း..

ကျောချင်းကပ်နေတဲ့ ကမ္ဘာငယ်တစ်ခုစီမို့
မျက်နှာခြင်းဆိုင် ပြန်ဆုံဆည်းဖို့ရာ
ကံမကုန်သေးသ၍ တစ်နေ့နေ့တော့....

No comments:

Post a Comment