Wednesday, March 21, 2012

Cannot be taken back 

မေတ္တာဆိုတာပြန်ရုပ်သိမ်းလို့ ပြန်တောင်းလို့ မရပါဘူး ဦးဇင်း ရဲ့ ဘ၀မှာ သူတပါးရဲ့ စိတ်ကိုပျော်ရွင်ဖို့ ကိုဦးစားပေးခဲ့ တိုင်းကိုယ်တိုင်ပျော်ရွင်ခဲ့ ရတယ် ဦးဇင်း မေတ္တာမရှာပါဘူး ဦးဇင်း မေတ္တာကိုပေးနေတာပါ ဒါကြောင့် ဦးဇင်း မှာ မေတ္တာစစ်နဲ့  ပတ်သတ်တဲ့အရာ တွေ ရှာစရာမလို ပဲ အမြဲပြန်လည်ရရှိပါတယ် ကိုယ်ကစစ်မှန်မူကို ပေးမှ စစ်မှန်မူဆိုတာကိုယ်ဆီပြန်လာတာပါ မေတ္တာ ဆို ဆန်းကျယ်တဲ့ အရာ တခုလို့  မထင်ပါဘူး မေတ္တာကို ကိုယ်ချင်းစာတရားနဲ့ ကြည့်မြင်လိုက်တာ နဲ့ နားလည်လက်ခံလွယ်တဲ့အရာတခု လို့ လက်ခံ ယုံကြည်နိုင်ပါတယ် …………………..။ လူတစ်ယောက်ရဲ့  လိုအပ်ချက်ကို ဖြည့်ပေးတိုင်း ကိုယ်ရဲ့ လုပ်အပ်ချက်က အလိုလိုပြည့်သွားတတ်တာမေတ္တာပါ ကိုယ် ပေးလိုက်တဲ့ အရာ ကမျှော့် လင်ချက် ကင်းမဲ့ လေဖြူစင်လေ ကိုယ်ပြန်ရတဲ့ အရာမှန်သမျှဖြူစင်လေပါ စစ်မှန်တဲ့ မေတ္တာက အေးချမ်း ပါတယ်။ ကိုယ်ဘာလိုချင်တယ်ဆိုတာထက်သူဘာလိုချင်တယ်ဆိုက ပိုအရေးကြီးလေ ကိုယ်ဘာလိုချင်တယ်ဆို တာ မရှိလေပါ ………….။ ဦးဇင်း  က ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတစ်ယောက်ပါ တစ်ကိုယ်ကောင်းသမားမဟုတ်ပါဘူး ။ မိမိကိုယ်ကို ချစ်တတ်မှ သူတပါးကိုချစ်တတ်နိုင်မယ်ဆိုတာ ဦးဇင်း ကကောင်းကောင်းသိထားလို့ ပါ။ ဦးဇင်း ရင်ထဲမှာ စစ်မှန်တဲ့ အရာတွေ တောင်းတသလိုသူတစ်ပါးကိုလဲ စစ်မှန်တဲ့ အရာတွေပေးပါတယ် မေတ္တာတရားဆိုတာ မဆန်းကျယ်တဲ့ အရာ ဆိုတာ လူတိုင်းသဘောပေါက်လက်ခံနိုင်ပါစေလို့  ဦးဇင်း  ဒီဘလော့ခ် ကနေ ဆုတောင်းပေးပါတယ်………….။ ချစ်ညီမလေး cherry  အတွက်အမှတ်တရ။

No comments:

Post a Comment