Sunday, March 25, 2012

သဝန်တိုနေတယ်..

သဝန်တိုနေတယ်..
မျက်ဝန်းနက်ဖြင့် မကြည့်လေနဲ့ ချစ်ဦးရယ်
မောင်ရူးသလို သူတို့ရူးလိမ့်မယ်
ညို့စွဲတဲ့အပြုံး မပြုံးနဲ့ကွယ်
သူတို့တတွေ ချစ်ကြလိမ့်မယ်
သဝန်တိုရင်ပူ အချစ်တွေဆူလို့
နှလုံးနုနုကျက်လုနေပြီ အို…..ချစ်ဦးသခင်
မြင်လှည့် ဝင်လှည့်ပါ မောင့်ရင်ညှာ
အချစ်တွေနဲ့ ပူလောင်နေတာ
မြတ်နိုးစိတ်နဲ့ တသက်လုံးချစ်တော့မည်
ချစ်သူမျက်နှာ လမင်းပမာ တင်စားချင်တာ
သနပ်ခါးဘဲကြား “နမ်း”ချင်တယ်တအား
ရှက်ပြုံးမမေ့ဆုံးမို့ တသက်လုံး ပိုက်ထွေးတော့မယ်
ရိုးမြေကျချစ်တယ်……

No comments:

Post a Comment