Saturday, March 24, 2012

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများရပ်ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုမေးခွန်းထုတ်  

မတ် ၂၄၊ ၂၀၁၂ (YPI)


ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်သုံးခုအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိနေသော်လည်း အကန့်အသတ်မရှိယာယီရပ်ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုက မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောသည်။

“လုံခြုံရေးအရ ဆိုတာ ဘယ်သူကိုပြောချင်တာလဲ ဆိုတာ မေးခွန်ထုတ်စရာဖြစ်တယ်။ ကေအိုင်အိုကို အဖျက်သမားဆိုပြီး မီးမောင်ထိုးပြချင်တာလားဆိုတာ စဉ်စားစရာဖြစ်လာပြီ ” ဟု ဦးလနန်းက YPI သို့ပြောသည်။

ရွေးကောက်ပွဲတရားမျှတမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ  ကေအိုင်အို အနေဖြင့် အနှောက်အယှက်ပေးမည် မဟုတ် ကြောင်းနှင့် ၂၀၁၀ ရွေကောက်ပွဲ အချိန်ကလည်း အနှောက်အယှက်ပေးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း ကေအိုင်အိုက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း ယခုလ ၁၀ ရက်နောက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်မှ ကေအိုင်အိုကိုထိုးစစ်ဆင်မှုများရှိနေသော်လည်း ယခုရပ်ဆိုင်းလိုက်သော မဲဆန္ဒနယ်များအတွင်း တိုက်ပွဲ များ ဖြစ်ပွားမူ မရှိသေးကြောင့် ဦးလနန်းက ထပ်မံပြောဆိုသည်။

ဖားကန့်မြို့နယ် NLDပါတီ အောင်နိုင်ရေးအဖွဲဝင် တစ်ဦးက “လုံခြုံရေးဆိုတာ ဘာကိုပြောလဲမသိဘူး ဒီမှာက ထူးထူးခြာခြားဘာမဖြစ်ပါဘူး အာလုံးငြိမ်းချမ်းနေပါတယ်။ ကုမ္ပဏီတွေလည်း ပုံမုန် အလုပ်လုပ်နေတာပဲ” ဟု YPI သို့ပြောသည်။

“မနေ့ကမှ ဖားကန့်မြို့နယ်မှာ ရုံဖွင့်ပွဲတွေလုပ်ခဲ့ပြီး အားကြိုးမာန်တက်ပြန်လာကြတာ။ ဒီသတင်းလည်းကြာလိုက်ရော ၀မ်းနည်တာပေါ့ဗျာ” ဟု ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့်၊ မိုးကောင်း နှင့်ဗန်းမော်မြို့နယ်များတွင် လုံခြုံရေးအရ ရွေးကောက်ပွဲမဲဆန္ဒနယ်များကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်သည်ဟု ယမန်နေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်က ထုတ်လွှင့်ကြေငြာခဲ့သည်။

မြန်မာအစိုးရဘက်မှပြောနေသည့် ငြိမ်းချမ်းရေးဆိုသည်မှာ အလားအလာကောင်းဖြစ်လာနိုင်ဖွယ်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆန္ဒနယ်များကို အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ကေအိုင်အိုကသုံးသပ်ပြောဆိုသည်။                ။

No comments:

Post a Comment