Thursday, March 1, 2012

ဒ်ါအောင်ဆန်းစုကြည် ရှမ်းပြည်ရောက်ပြီ မကြာခင် လူထုဟောပြောပွဲစမည်

ဒေါ်အောင်ဆန်းစုကြည်သည့် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဟဲဟိုးလေဆိပ်မှ ထွက်ခွာလာပြီဖြစ်ကြောင်း၊ နောက်နာရီဝက်ခန့် အကြာတွင် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက်ရှိ ဟိုက်ဒရိုကွင်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် ခရီးစဉ် (၁)

မတ်လ ၁ ရက်၊ ၂၀၁၂ ၊ နံနက် ၉နာရီ YPI

ဒေါ်အောင်ဆန်းစုကြည် သည် ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်သို့ နံနက်၈ နာရီ ၂၀ ၀န်းကျင် ဆိုက်ရောက်လာပြီး ယခုအခါ အောင်ပန်းမြို့သို့ ထွက်ခွာသွားနေပြီဖြစ်သည်။ အောင်ပန်းမြို့ ဟိုင်ဒရိုကွင်းတွင် နံနက် ၁၀ နာရီတွင် လူထုအားဟောပြောပွဲ စတင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည့် စာရေးဆရာကြီး ဒဂုံတာရာက အောင်ပန်းဟိုင်ဒရိုကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်စောင့်ဆိုင်းနေသည်ဟု သတင်းရရှိသည်။ YPI

No comments:

Post a Comment