Thursday, March 1, 2012

ကောင်မလေးသို့

ကောင်မလေးရေ
နင်းခြေခံလိုက်ရတဲ့
ငါ့နှလုံးသားမှာ...
ဆွေးမြေခြင်းတွေ
စုတ်ပြဲပြတ်စီးနေတဲ့
ဒါဏ်ရာအို လူတစ်ယောက်လို
စုံ....မှိတ်တားစီးထားတဲ့
 
ငါ့အလွမ်းတွေကို
တံတိုင်းကြီးတစ်ခုနဲ့
ကာစီးထားချင်လိုက်တာ..။
အရာရာတိုင်းဟာ
ငါ့အတွက်တော့
ကြောက်စရာကောင်းပြီး
အရှုံးသမားတစ်ယောက်လိုပါပဲ..။
သတ်ပုံတောင်ဖတ်လို့မရတဲ့
တွန့်လိမ်လိမ်
စာလုံးကောက်ကြောင်းတွေက
နင်အတွက်အလွမ်းတွေ...။
ကဗျာမဟုတ်ဘူး
ကာရံတွေမပါပေမယ့်
ငါရဲ့..နှလုံးခုန်သံတွေပါတယ်
အဲ့ဒီစာကြောင်းထဲမှာ
ငါ့မျက်ရည်တွေ စီးမျောနေတယ်
တိမ်တွေဟာ
လေနှင်ရာအရပ်ကို
ဦးတည်သွားနေသ၍
ငါရဲ့အချစ်တွေဟာလည်း
ငါရှင်သန်နေသမျှ
နင့်ကို ချစ်နေမယ်
လွမ်းနေမယ် ကောင်မလေး....။

No comments:

Post a Comment