Thursday, March 1, 2012

ကြေမွခြင်း ဒဏ်ရာ

ကောင်မလေးရေ
နင်မြင်လား
သေချာကြည့်လိုက်စမ်းပါ
နင် နင်းခြေထားတဲ့
ပြားချပ်ချပ် ငါ့နှလုံးသားကိုလေ..။

ဖျာစုတ်တစ်ချပ်လို
စုတ်ပြတ်သွားတဲ့ ငါ့နှလုံးသားမှာ
ပျတ်စီး ကြေမွခြင်းတွေက
ကြည့်လို့တောင် ရုပ်လုံးမပေါ်တော့ဘူး.။

အချိန်တွေက
တော်တော်ကိုနှောင်းသွားခဲ့ပါပြီ
ရင့်ကျက်မူမရှိသေးတဲ့
ငါ့နှလုံးသားကတော့
နင်ပေးခဲ့တဲ့ ဒါဏ်ရာတွေကို
ပျောက်ကင်းအောင်မကုသနိုင်သေးဘူး ကောင်မလေး..။

အချိန်ဆိုတဲ့ သမားတော်ကြီးက
ငါ့ဒါဏ်ရာကို ကုစားပေးနေတယ်..
နင်ကိုသတိရ အလွမ်းတွေကို
အလုပ်တွေက ကုစားပေးနေတယ်..။

အဝေးတစ်နေရာကနေ
စုတ်ပျတ်နေတဲ့ ငါ့နှလုံးသားကို
နင်မြင်နိုင်ခဲ့မယ်ဆိုရင်လေ
နင်ရဲ့ မာယာ အပြုံးတွေ
နင်ရဲ့ မာယာ စကားလုံးတွေကို
နောက်ထပ်မသုံးဖို့ ငါတောင်းပန်ပါရစေ..။

အခုတော့
ကြေမွခြင်း ငါ့ဒါဏ်ရာကို
ဆက်ပြီး ကုစားပါရစေအုံး ကောင်မလေး.။

No comments:

Post a Comment