Saturday, April 14, 2012

ဗိုလ်ချုပ်ပြောတဲ.အောင်ဆန်းအကြောင်း --၂

ကျွန်တော်သည်ငယ်စဉ်ကချောင်တချောင်တွင်ကပ်ရ်ျမှိုင်တွေကာစဉ်းစားရ်ျနေ
သောလည်းနေတတ်သည်၊ကလေးနှင်.မလိုက်အများအားဖြင်.အိနြေ္ဒကြီးသည်၊
ကစားခုန်စားဆိုလျှင်များစွာမလေ.ကျင်.၊သို.သော်ကစားသည်.အခါကြမ်းတမ်း
၏။ကြမ်းတမ်းသောကစားနည်းကိုမှနှစ်သက်သည်၊တွတ်ထိုးခြင်း၊ကြည်းသားရိုက်
ခြင်းစသည်တို.ကိုဝါသနာပါသည်၊ခြင်းလုံးခတ်ခြင်းကိုကားမကြိုက်၊ရွရွလေးလုပ်
ရသောအလုပ်ဆိုလျှင်ကျွန်တော်နှင်.မဖြစ်။

အချုပ်ဆိုရသောကျွန်တော်၏ကလေးဘဝမှာချီးမွမ်းစရာအလွန်နည်း၏။ညစ်ပတ်ပေ
ရေ လျိုမြောင်ချောင်းစောင်းကဲ.သို.အဖုအထစ်အပြစ်အနာအဆာများသည်၊စိမ်းလန်း
စိုပြေညီညာသောမြက်ခင်းသဖွယ်ရှုချင်စရာမဟုတ်ပေ၊အသက်ဆယ်နှစ်ခန်.အထိအနာ
ရောဂါကင်းသည်ဟူရ်ျမရှိ။သေလုမတတ်အကြိမ်ကြိမ်ဖြစ်ခဲ.ဖူး၏၊ဝဲနာအကြီးအကျယ်စွဲ
ခဲ.ဘူး၏။ထိုအခါကျွန်တော်သည်ဘယ်တော.များမှငါကျန်းကျန်းမာမာအမြဲနေရပါမည်
နည်းဟုတမ်းတမိသည်။
ကျွန်တော်သည်ထိုကလေးဘဝကပင်သူပုန်စိတ်ထားရှိလေသည်၊အကြံကြီးသူဖြစ်လေသည်၊
ဗမာပြည်အားအဂ်လိပ်လက်မှပြန်ရယူရန်သူပုန်ထနည်းအမျိုးမျိုးကိုစဉ်းစားခဲ.ဖူးလေသည်၊
တခါတရံလည်းဟုတ်တိပတ်တိစိတ်ကူး၏၊တခါတခါလည်းပြဒါးရှင်လုံးစသည်များကို၇ှာဖွေ
လိုသောစိတ်များပေါ်ပေါက်သည်၊ပြဒါးရှင်လုံးစသောအစွမ်းအားဖြင်.ဗမာပြည်ကိုကယ်တင်
လို၏၊ကျွန်တော်ရန်မဖြစ်တတ်၊သို.သော်ကျွန်တော်သည်သတ္တိထူးချွန်သည်သည်ဟုမဆိုနိုင်၊
သရဲတစ္ဆေအလွန်ကြောက်တတ်သည်၊ရန်ဖြစ်ခဲ၏၊
ကျွန်တော်.အကိုကိုအောင်သန်းကားခဏခဏရန်ဖြစ်၏။ဦးအောင်ရိုက်နှက်ရ်ျအိမ်ပြန်ပြေး
လာခဲ.၏၊သို.နှင်.မကြာမကြာအတိုင်ခံရရ်ျမိဘများအရိုက်ခံရ၏။ကျွန်တော်ကဤကဲ.သို.
မဖြစ်ဘူး၊ရန်တခါသာအကြီးအကျယ်ဖြစ်ဘူးသည်၊ထိုအခါလူချင်းလည်းထိုးသတ်ပုတ်ခတ်
စဉ်ကကျွန်တော်ကနိုင်၏၊လူချင်းပြန်ဖြေသည်.အခါမရှောင်မတိမ်းထုံပေပေနေသဖြင်.ခုံ
ဖိနပ်နှင်.အပေါက်ခံရရ်ျခေါင်းပေါက်ဖူး၏၊ထိုအခါမှကျွန်တော်၏ရန်ဖြစ်ဘက်ကိုလိုက်လေရ်ျ
ခေါင်းမူးရ်ျမမှီ၊ထိုလိုက်သည်.အချိန်အထိကသတ္တိကောင်းပါ၏၊ခေါင်းမူးလာရ်ျခေါင်းစမ်းကြည်.
မှသွေးတွေမြင်သဖြင်.ခေါင်းပေါက်မှန်းသိသောအခါကျွန်တော်ငိုလေတော.သည်၊
သတ္တိခေသွားလေတော.သည်၊ရွယ်တူကလေးချင်းများပေါ်တွင်တခါတလေအနိုင်ကျင်.ချင်
သည်.စိတ်ကားရှိလေသည်၊တခါတွင်ကားဘုန်းကြီးကျောင်းနေစဉ်နဖူးသားများကိုကြက်
တောင်စိုက်ရ်ျကြက်တောင်ရိုက်ကစားနေရင်းမှကျောင်းသားနှစ်ဦးရန်ဖြစ်ရာကျောင်းသား
တယောက်ထိပ်ပေါက်၏၊သို.ဖြစ်ရ်ျထိပ်ပေါက်ခံရသောကျောင်းသားမိဘများကဘုန်းကြီး
အားလာရောက်တိုင်တန်းရာဘုန်းကြီးကဤကစားနည်းမျိုးကိုအားလုံးကျောင်းသားများသည်
ကျောင်းဝင်းအတွင်းမှာသော်၎င်း၊ကျောင်းဝင်းအပြင်မှာသော်၎င်းမကစားရဟုပညတ်ရလေသည်
ထိုပညတ်ချက်ကိုကျွန်တော်နှင်.ညီအကိုဝမ်းကွဲများကသဘောမကျသဖြင်.အာဏာဖီဆန်ကာ
ရွာထဲတွင်ကစားကြလေသည်၊ကျွန်တော်တို.ကစားနေသည်ကိုအခြားကျောင်းသားနှစ်ဦးက
မြင်သဖြင်.ဘုန်းကြီးအားသွားရောက်တိုင်တန်းသောအခါဘုန်းကြီးကကျွန်တော်၏မိခင်နှင်.
ဦးလေးများကိုပါခေါ်ရ်ျ၎င်းတို.ရှေ့တွင်ပင်ကျွန်တော်တို.အားပြင်းထန်စွာရိုက်နှက်လေတော.၏၊
ကျွန်တော်.မှာပထမကြိတ်မှိတ်ရ်ျခံသော်လည်းနောက်ပိုင်းတွင်သတ္တိမကောင်းနိုင်တော.ပဲငိုလေ
တော.သည်၊
ကျွန်တော်သည်ထိုသို.သွားရောက်တိုင်တန်းသူကျောင်းသားကိုယနေ.တိုင်အခဲမကျေချင်လှ၊
ဤကဲ.သို.အလုပ်ပိုမေတ္တာရိမျက်နှာလိုမျက်နှာရအထက်လူကြီးအားတိုင်ခြင်းတောခြင်းကိုငယ်
ငယ်ကလေးကစရ်ျယနေ.တိုင်ကျွန်တော်အထူးစက်ဆုပ်လှသည်၊ယနေ.ခေတ်သစ်ကျောင်းများ
တွင်ကျောင်းသားများအားဤအကျင်.မျိုးကိုအားမပေးပဲဖျောက်ဖျက်စေသင်.လေသည်၊ဤအကျင်.
မျိုးကားအကျင်.ယုတ်ဖြစ်လေသည်၊
ကျွန်တော်တို.မိဘကားပစ္စည်းဥစ္စာအတော်အတန်ရှိ၏။ကြွေး၇ှင်မြေရှင်ဖြစ်ရာဆင်းရဲသားများနှင်.
အများအပြားဆက်ဆံရလေသည်၊ကျွန်တော်တို.၏မိခင်မှာဓနရှင်ကလေးအတန်းအစားထဲတွင်သ
မာသမတ်၇ှိရ်ျစိတ်ကောင်းရှိလေသည်။သို.ပင်ဖြစ်သော်လည်းရံဖန်ရံခါဆင်းရဲသားများကကြွေးများ
မဆပ်နိုင်ရ်ျကြိမ်းမောင်းသောအခါကျွန်တော်အထူးပင်စိတ်မကောင်းဖြစ်မိသည်၊ထိုအခါကငွေတိုး
ကြီးစနစ်ဆိုးဝါးပုံကိုမျက်ဝါးထင်ထင်တွေ.ခဲ.ရလေသည်၊များစွာသောဆင်းရဲသားတို.မှာကြွေးတခါ
ယူမိလျှင်ကြေနိုင်စရာအကြောင်းမရှိပေ။ဤစနစ်ကိုယခုခေတ်တွင်အလျှင်အမြန်ပြင်ဆင်သင်.သည်။
၎င်းအပြင်ယခုလက်၇ှိဆင်းရဲသားကြွေးမြီများကိုအားလုံးလျှော်ပစ်ရန်သင်.လေသည်၊ထိုကြွေးများမှာ
အတိုး၏အညွန်.အကြွေးများသာရှိတော.မည်ဟုကျွန်တော်ယုံမှားသံသယမရှိပေ၊ကျွန်တော်ကားကြွား
ရမည်ဆိုလျှင်မျိုးကြီးဆွေကြီးမှပေါက်ဖွားသူဖြစ်သည်၊ကျွန်တော်တို.ရှေးအဆက်အနွယ်မှာပုဂံပြည်တ
ရုတ်ပြေးမင်းလက်ထက်(ဂျင်ဂျစ်ခံ)အမှုးရှိသောတရုပ်တို.ဝင်ရောက်နှောင်.ယှက်သောအခါတွင်နိုင်ငံ
ခြားသားတို.၏လက်အောက်တွင်မနေလိုရ်ျလွတ်ရာကျွတ်ရာယခုကျွန်တော်မွေးဖွားရာဒေသသို.စုန်ဆင်း
လာခဲ.လေသည်ဟုဦးလေးတယောက်ကပြောဖူးလေသည်၊
အလောင်းဘုရားတတိယနိုင်ငံတော်ထူထောင်စဉ်အခါကတိုင်းပြည်မှာဖရိုဖရဲဖြစ်ရ်ျနေရာရွေုဘိုနယ်မှ
ဦးအောင်ဇေယျထရ်ျကျွန်တော်တို.၏အဆက်အနွယ်ပင်းမင်းကြီးဦးမြဆိုသူမှာလည်းမိမိနယ်ကိုအုပ်စီး
ခေါင်းဆောင်ရ်ျဗမာထီးနန်းထူထောင်ရန်ကြံလေသည်၊နောက်မှအလောင်းဘုရားအကြောင်းကြားသဖြင်.
လူများစေလွုတ်စုံစမ်းစေရ်ျအလောင်းဘုရား၏ဘုန်းလက်ရုံးအကြောင်းကြားသိသည်.အခါအလောင်းဘုရား
ထံဝင်ရောက်ရ်ျသက်စွန်.ကြိုးပမ်းအမှုထမ်းလေသည်ဟုမှတ်သားရဖူးသည်၊
မင်းတုန်းဘုရင်လက်ထက်တွင်သက်တော်ရှည်အမတ်ဖြစ်သောခမ်းပတ်မင်းကြီးမှာကျွန်တော်တို.၏အမျိုး
အနွယ်ပင်ဖြစ်သည်ဟုကြားဖူးသည်၊မင်းတုန်းမင်း၏သမားတော်တဦး(လူအမည် ဦးကျော်ဇံဖြစ်လေသည်၊
ဘွဲ.အမည်ကိုကားမသိ) မှာလည်းကျွန်တော်တို.၏အမျိုးအဆွေပင်ဖြစ်လေသည်၊စုံနံ.သာမြိုင်ရေးသော
ဆရာကြော.မှာဦးကျော်ဇံ၏မြေးပင်တည်း။အရှင်အဂ္ဂသမာဓိမှာလည်းကျွန်တော်တို.အမျိုးပင်ဟုသိရ
သည်၊ကျွန်တော်တို.ဘေးမှာနတ်မောက်မြို.သူကြီးဖြစ်လေသည်၊စာတော်သည်၊ဥာဏ်ထက်သည်၊လက်
မြောက်သည်၊စိတ်ထက်သည်ဟုကြားဖူးလေသည်၊မိမိအထက်မြို.ဝန်နှင်.မတည်.ရ်ျအလုပ်ပြုတ်သဖြင်.
မန္တလေးရွေုမြို.တော်သို.တက်ရ်ျအရာခံနေဆဲအနိစ္စရောက်လေသည်ဟုတခါကပုရပိုဒ်မှတ်တမ်းတခုတွင်
ဖတ်ရဖူးလေသည်။
စကားအလျဉ်းသင်.ရ်ျရေးရဦးမည်၊ရှေးကလည်းဒိုင်ယာရီခေါ်နေ.စဉ်မှတ်တမ်းရှိလေသည်၊အခေါ်အဝေါ်
ကားမေ.သွားလေပြီ၊ကျွန်တော်တို.အဘေးအိမ်ကြီးတွင်တွေ.ဖူးသောပုရပိုဒ်များတွင်ကျွန်တော်တို.နေ.
အဘေးနေ.စဉ်ဘာလုပ်သည်၊ဘယ်သွားသည်စသည်တို.ကိုမှတ်သားထားချက်များတွေ.ရလေသည်၊ကျွန်
တော်တို.အဘေးတွင်အကိုကြီးတယောက်နှင်.ညီနှစ်ယောက်တို.ရှိသည်ဟုသိရသည်ဝအကိုကြီးမှာရန်ကုန်
ဆိပ်ကမ်းအုပ်ဖြစ်သည်ဟုသိရသည်၊ညီအငယ်တယောက်မှာတလုပ်မြို.ဝန်ဦးဘွားယူဟုခေါ်သည်၊မြင်ကွန်း
မြင်းခုံတိုင်တို.၏ငယ်ဆရာဖြစ်သည်၊၎င်းမင်းသားများအထတွင်မြင်းကွန်းမင်းသားတို.အတွက်ဓားပြတိုက်ရ်ျ
ငွေရှာပေးရလေသည်၊ထိုအချက်ကိုနေပြည်တော်ကသိလေရ်ျဦးဘွားယူရာထူးမှကျလေသည်၊ကျွန်ယုံ၏သ
စ္စာကြီးမှုကြောင်.၎င်း၊အမှုမထင်ရှားရ်ျ၎င်းအသက်ချမ်းသာရလေသည်။
နာမည်ကျော်ဦးမင်းေ၇ာင်(ဗိုလ်လရောင်)မှာကျွန်တော်တို.အဖွား၏တူတော်သည်၊ဦးမင်းရောင်ကားလက်
ရုံးအားကိုးဖြစ်သည်၊အမိုက်ဆုံးဆိုသူများကိုတပည်.လုပ်ထားသည်၊၎င်း၏တပည်.တယောက်(နာမည်ကား
မမှတ်မိ)သည်ဇတ်ပွဲများတွင်လူပြက်ပြက်သည်.အချိန်လူများရယ်တုံးမရယ်၊အများရယ်ပြီးမှတယောက်တည်း
ကျယ်လောင်စွာအကြာကြီးရယ်တတ်သည်ဟုသိရသည်၊ဤကဲ.သို.အရွဲ.တိုက်ရယ်သည်ကိုဗိုလ်မင်းရောင်တွေ.
ရ်ျအားရကာဆုချလေတော.သည်၊
တခါလည်း၎င်းတပည်.နှင်.၎င်း၏ညီမြို.ဝန်ဦးမင်းမောင်၏တပည်.တို.သည်၎င်းတို.၏ဘွားမမယ်တော်
ပျံတွင်လက်ဝှေ.ထိုးကြသည်၊ဦးမင်းရောင်၏တပည်.ရှုံးသည်၊ညီဖြစ်သူဦးမင်းမောင်ကမိမိတပည်.နိုင်သ
ဖြင်.ပုဝါတပိုင်းဆုချလေသည်၊ထိုအခါဗိုလ်လရောင်ကမခံချင်ရ်ျမိမိတပည်.ကိုရှူံးလျှက်နှင်.ပင်ပုဆိုးတ
ထည်ဆုချလေသည်။
တခါလည်းကြက်သားဟင်းစားလိုရ်ျညီဦးမင်းမောင်အားကြက်အသတ်ခိုင်းလေသည်၊ဦးမင်းမောင်ကား
ဗိုလ်လရောင်နှင်.မတူလူပျော.ကလေးဖြစ်သည်၊စောင်းစည်းသီချင်းဆိုတော်သည်၊စကားပြောချိုသာ
သည်၊အထက်လူကြီး၏အချစ်တော်တဦးဟုသိရသည်၊ဦးမင်းမောင်ကြက်မသတ်နိုင်၊ထို.ကြောင်.ဗိုလ်လ
ရောင်ကသူကိုယ်တိုင်သတ်ရ်ျချက်စားလေသည်၊ပိုသည်.ဟင်းကိုညီအားမကျွေးပဲခွေးကျွေးပစ်သော
ဟူ၏။
ဤကားကျွန်တော်၏အမျိုးအနွယ်အကြောင်းသိသမျှပင်တည်း၊၊
ဆက်ပါဦးမည်၊

No comments:

Post a Comment