Sunday, January 15, 2012

တိရစ္ဆာန်တွေအကြောင်းပါ လူနဲ့တူတယ် မပြောကြေး


Print PDF

လောင်းကြေးရှုံးတဲ့ ကြက်ကို ရိုက်ချက်တာမျိုးတော့ မဟုတ်
အုံဖျက်ပြီး ပျားရည်အသယ်ခံရတဲ့ ဘ၀မျိုးတွေ
ကြိုတင်ကြံစည် သားစပ်ခံခဲ့ ရတဲ့နွားမက
တိုင်ချက်ဖွင့်တာ ကြားဖူးသလား



ပေါ်ခါနီးဝက်တွေ အစာဝအောင်ကျွေးခံရတာတော့ မျက်မြင်
မြေနဲ့ မထိအောင်ယုယ ခံနေရတာက ကင်ရောင်းမဲ့ ဘဲတစ်အုပ်
အိမ်လုံ အဖော်ရဖို့ဆိုတဲ့ ခွေးကလည်း
ကြွက်ခုတ်ဟန်ပြပြီး သာရာပြေးတတ်တဲ့ ကြောင်နဲ့ မတူပြန်ဘူး
ဝန်ပိုတွေအပေါ်မှာ ကြာပွတ်ထပ် အပိုးခံရတဲ့
မြင်းတွေရဲ့ လေးဖက်ကျခွာသံ
ကာရန်ညီလို့ မော်ဒန်မဖြစ်တော့ဘူးလား
ပြောသမျှနားထောင်လိုက်ရွတ် စားရေရိက္ခာအစုံနဲ့
နေရာမှာတင် ခုန်နေရတဲ့ ကြက်တူရွေးရယ်
လှိုင်းမမြင် ဖူးရှာတဲ့ ရေသတ္တ၀ါ
ဖန်အိမ်ထဲက ငါးတွေရယ်
ယတြာချေသမားတွေနဲ့ အသက်ဆက်နေရတဲ့
မြို့ လည်ခေါင်က ခိုတွေရယ်------
------------------------------------
တောတောင် လျှိုမြောင်တွေဆီက
ခြင်္သေ့ ကျား ၀ံပုလွေ
သမင် ဒရယ် ချေငယ် စိုင် ဆတ်တွေ လည်း
သန်ရာသန်ရာ သံဝါ သံပြာတွေ
ဌာန်ကုန် မာန်ကုန် သံစုံ ဟစ်လို့ ----။  ။
ဓါတ်ပုံ ကာတွန်းစောငို

No comments:

Post a Comment