Monday, January 30, 2012

***ပြောင်မြောက်တဲ့ပန်းချီကား***





စိမ်းလို့မဟုတ်ခဲ့ပါဘူး

ပတ်ဝန်ကျင် ဠှိုင်ဂယက်ရဲ့

ရိုက်ချက်ပြင်းပြင်း ဒဏ်ကို

မကာကွယနိုင်သူမို့

အခြေနေ အချိန်ခါကြည့်ပြီး

စိမ်ရက်စိမ်ရောင်တွေနဲ့

အကြင်နာကမ်းတစ်ဖက်မှာ

တမင်လှမ်းတက်ခဲ့တာပါ

သံယောဇဉ်..

အတွယ်အတာ ရှိသူမို့လည်း

ကွယ်ရာမှာတော့

လွမ်မိတာပေါ့ ချစ်သူ

မျော်လင့်လှမ်းလက်နဲ့

အားပေးခြင်းကမ်းတစ်ဖက်မှာ

ကြိုနေမလားလို့

သိမငယ်အတွေးတချို့နဲ့

အိပ်မက်တို့မှာလည်း

ပျော်ရွှင်ဘူပါရဲက ချစ်သူ...

စိတ်ကူးဆိုတာ

အရူးအိပ်မက်ရယ်လို့

ခွဲတမ်တချို့က

ဆိုခဲ့ဘူးပေမဲ့ရ်

ကိုယ့်လို....ဘ၀သရုပ်ကို

ပုံဖော် မထုစစ်နိုင်သူအတွက်တော့

အဲဒါဟာ...

ဘ၀ပြတိုက်ထဲက

ပြောင်မြောက်တဲ့ ပန်းချီကား တစ်ချပ်ပေါ့..

No comments:

Post a Comment