Monday, January 30, 2012

မေ့ရက်ခက်တဲ့ အလွမ်း


မေ့မရအောင်လွမ်းဆွတ်တယ်။
ပြောမပြတတ်အောင်သတိရတယ်။
ရင်တွေကွဲလောက်အောင်တမ်းတမိတယ်။
 
ဒါပေမယ့်…သူမှမကြားနိုင်ပဲ
နေတစ်စင်းအနောက်ဘက်တိုးဝင်တိုင်
နင်ပြန်လာမယ့်ရက်တွေ
လက်ချိုးရေနေမိတယ်။
အိပ်မပျော်တယ့်ညတိုင်းလည်း
အဝေးကိုငေးရင်း
နင့်အကြောင်းတွေးနေမိတယ်။
ရောင်နီလာတဲ့မနက်တိုင်းလည်း
အွန်လိုင်းမှာနင့်ကိုစောင့်နေမိတယ်။
မျောလွင့်ဘူးတဲ့အတိတ်တစ်ခုရဲ့
အတူလျှောက်ဘူးတယ့်လမ်းတွေမှာ
နင့်အရိပ်တွေတွေ့တိုင်း
မျက်ရည်တွေဝိုင်းလို့
ပင်လယ်ပျော်တယ့်ကောင်လေးရေ……
နင့်ကိုငါလေ……အရမ်းလွမ်းတယ်…..။ ။

No comments:

Post a Comment