Saturday, January 28, 2012

သခင်အောင်ဆန်း





 * သင့်ကိုယ်ကျိုးအတွက်၊ ငဲ့မကွက်ပြည်တွက်ကောင်းအောင် ၊ ကြိုးစားဆောင်သည်
ခေါင်းဆောင်အသင် ၊ ပီသသည်တကား။


* စေတနာလည်းရှိ၊ ဥာဏ်လည်းရှိသည့်
သတ္တိလည်းကောင်း၊စိတ်ထားကောင်းသည်
ခေါင်းဆောင်အသင်ပီသသည်တကား။

* စည်းစိမ်မမက် ၊မာန်မတက်ဘဲ
လက်တွဲပြည်သူ ၊များရှင်လူနှင့်
အေးတူပူမျှ၊ သင်နေပြ၏
လောကခေါင်းဆောင်၊ပြည်ကျိုးဆောင်သည်
ခေါင်းဆောင်အသင်၊ ပီသသည်တကား။

* ထို့ကြောင့်ပြည်သူ၊များရှင်လူတို့
ကြည်ဖြူချစ်ခင်၊ မေတ္တာဝင်သည့်
သင်သွားလေရာ၊အတူပါလျက်
ညီညာလက်တွဲ၊အပွဲပွဲကို
ဆင်နွဲ အောင်ခဲ့သည်တကား။

* ယခုခါတွင်
အသင်ကွယ်ပြီ၊ကာလရှည်လည်း
ပြည်သူအပေါင်း သင်အကြောင်းကို
ပြန်ပြောင်းပြောဆို၊ ချစ်ကြည်ညိုလျက်
သင့်ကိုလွမ်းရ၊ တသသနှင့်
တမ်းတမဆုံး၊ ရှိသည်တကား။

No comments:

Post a Comment