Sunday, January 29, 2012

အတိတ်ပိုင်

အတိတ်တဲ့
တမ်းတလို့မပြီးနိုင်ဘူး
မေ့နိုင်သူကထားခဲ့ပေမဲ့

ငါ့ဘက်ကတော့
အတိတ်ရဲ့အရိပ်တွေကို
အသက်သွင်းချင်တုန်းပေါ့...
လျှောက်ခဲ့ဖူးတဲ့
တောင်ပေါ်လမ်းရယ်
ပေးခဲ့ဖူးတဲ့အနမ်းတစ်ပွင့်ရယ်
အတူသောက်ခဲ့ဖူးတဲ့
ကော်ဖီတစ်ခွက်ရယ်က....
ငါ့အတွက်က
နင်ပေးခဲ့တဲ့
အတိတ်ဝိုင်ပေါ့
အတိတ်ဟာ
ဝိုင်တစ်ခွက်ဆိုရင်
နင်ပေးခဲ့တဲ့အတိတ်မှာ
ငါအခုထိမူးမပြေသေးဘူး..........။

No comments:

Post a Comment