Monday, January 30, 2012

လူထု နှလုံးသား၊ ပြည်သူ့သွေးသား




အမေ…
တွေဝေခြင်း ကင်းအောင်
လမ်းပြဆောင်တယ်
ကျေးဇူးပါ…အမေ….။


အမေ…
မာန်ကို မလျှော့ ၊
အားမပျော့ ပဲ ၊
ကြံ့ကြံ့ခိုင်ခိုင် ၊
ရပ်တည် ပေးခဲ့တာ…၊
ကျေးဇူးပါ..အမေ…။

အမေ့ရဲ့အဖိုး...၊
အမေ့ရဲ့အဖေ…၊
အမေ့ရဲ့အမေ…၊
အမေ့ ဂုဏ်ဒြပ်…က…၊
သမိုင်း တစ်ခေတ်မှာ…၊
တုနိုင်း မရှိတာ…၊
လူတိုင်းအသိပါ….အမေ…။

မုန်တိုင်းတွေ ထန်…၊
လောကဓံ ညှင်း၍ ၊
ကွေကွင်း ရလည်း မဖြုံ…၊
ချုပ်နှောင်ကြုံလည်း မဖြုံ…၊
ဖိထား၍လည်း မပြား…၊
တားထား၍လည်း မနား…၊
ပြည်သူ့အတွက် အားထည့်ထားသည်…။

ထို အမေ ကား..၊
ပြုံးချို စကား…၊
အမြဲ ပါးသည်…၊
ထိုအမေ ကား…၊
အားမာန် စကား…၊
နေ့တိုင်း ပါးသည်…၊
မေတ္တာ ပြည့်ဝ…၊
သိမ့်မွေ့လှဧ။်…။

အမေ…
ကျွန်တော်တို့ ရဲ့.. အမေ…၊
ထို… အမေ.. သည်..၊
အမုန်းတရားများ ကင်း၍ ၊
အပြုံးများကို ကမ္ဘာတည် ၊
ငြိမ်းချမ်းရေးသို့ ရှေ့ချီ…၊
ဘဝကို စွန့်၍…၊
အနစ် နာခံသည်…၊
လူထု နှလုံးသားမှာ…၊
သစ္စာ ခိုင် တည်…၊
ပြည်သူ့ သွေးသား…၊
ဒေါ်အောင်ဆန်းစုကြည်….။

No comments:

Post a Comment