Monday, January 30, 2012

မထမဆုံးခြေလှမ်း



ငါသည် ကျောင်းဝန်း ၂၀၀၄ အတွင်း
အမှတ်မထင် သူ့ ရုပ်အင်ကို
တွေ့ ရ ၊ မြင်ရ ဆုံတွေ့ ရ၍
ရင်တွင်း အသည်းလွှာ တစ်နေရာမှာ
သူ သည် ဦးစွာနေရာ ရ၏ ။ ။
* အကြင်နာ အရွယ်ရောက်လို့ 


ရင်ခွင်မှာ အမြစ်တွယ်ကာ
တစ်ပြေ တစ်ရွာသူ မရွှေချောလေးကို
ရွှေရင်ဖိုသက် ချစ်ခဲ့မိပါ၏ ။ ။
*
* သို့ သော် ငါသည်
သူ့ အတွက် မည်သည့် နေရာ ငါမသိခဲ့ပေမယ့်
သူ့ အသည်းတွင် ငါ့ထက်အရင်
ဦးစွာ နေရာ ပေးခဲ့ဖူး၏ ။ ။
* ထိုအကြောင်းကို
သူပြောပြမှ ငါသိရလည်း
ပွင့်လင်း ရိုးသား ဤသဘောထားကြောင့်
ရင်တွင်းအသည်းလွှာ တစ်နေရာမှာ
သူ့ ကို ခွါမထုတ် ထာဝရမှာ အဟုတ်ရယ်လို့ 
သူ သိအောင်ဖွင့်ပြောပြလိုက်ချင်ပါဘိ ။ ။
* ( အသည်းနှလုံးရဲ့  အနက်ရှိုင်းဆုံးနေရာကနေ
ထွက်ပေါ်လာတဲ့ စကားတစ်ခွန်းကို ပြောရမယ်ဆိုရင်
ငါ သူ့ ကို အရမ်းချစ်တယ် .......)
* လေပြေလေအေး ညနေခင်းလေး
နှစ်ယောက် အတူ ဘီးကို ယူ ၍ ပလက်ဝမြို့ ရဲ့  တံတား အရှေ့ 
ထိုနေ့ ကို လေ တစ်သက်မမေ့
ပီတိတွေဖုံး တစ်မြို့ လုံး အုံ့ ဆိုင်းသွားခဲ့ပါ၏ ။ ။
* သို့ သော်တမှု
ချစ်သတ္တိ ငါ့မှာ မရှိ၍
ယိုစိမ့်ဆင်းလာ ရင်တွင်းအသည်းလွှာမှ
မေတ္တာ စကား မပါးခဲ့တာ
သူ စိမ်းသွားမှာ ဆိုးလို့ ပါ ....။
(အနာဂတ်ကြယ်ပွင့်လေးများ)

No comments:

Post a Comment