Monday, January 30, 2012

ရင်မှာရွာတမိုးပါ.....



တောင်ညို ပြိုမှမိုးရယ်လို့ ဆိုရိုးလဲရှိတယ် ....။ သဘာဝပေမို့ ကာလတာမရှည်ဘဲ ရာသီလွန်အခါညောင်းလေတော့ ဆောင်းနဲ့နွေချိန်မှန်ရောက် မိုးပျောက်မည်ပင်...။ သို့ကတဲ ညို့ဆဲပါရင်အလွှာဍ် အကြင်နာ သဒ္ဒါတိုးပါလို့ အစဉ်သာ ရွာတဲမိုးဟာဖြင့် ချစ်ခိုးဝေ


တိမ်ညိုအနွဲ့တွေနဲ့ ပြိုခဲ့တယ် ရာသီတိုင်းပေမို့ အပြစ်ဆို ငြိုးဖွဲ့မသိုင်းလျှင်ဖြင့် အချစ်ကို မိုးနဲ့နုင်းချင်ရဲ့ ရိုင်းပါဘု သက်မူးချယ်ရီ.....ကြည်စင်လဲ့ အချစ်မိုး..။ သြော်......အချစ်မဆုံးလေတဲ့ အချစ်ဆုံး ( မင်းကလေး) ရဲ့ မိုးဖြိုင်လျှင် နင် ကြည်နူး မိုးဦးတော့ နင် ၀မ်းသာ မိုးရွာလျှင် နင် ကျေနပ်မယ်လို့ စွဲ့မှတ်သည်လိုမြင်တော့ ထာဝစဉ် နင် ထံအရောက်လာလည်း ပေါက္ခရာဝဿမိုးလိုပေါ့ ကြောက်စရာ ဘ၀မညိုးရပါဘူး ချစ်ကြိုးရယ်..ခိုင်ခိုင်ချည်ပေါ့ မပိုင်မှီကြွေတဲ့မိုးရယ်လို့ မဆိုင်မှီဝေတဲ့ မိုးရယ်လို့ အဆိုးမြင် တမင်မငြိုးလိုက်ပါနဲ့ (နင် ) ရင်ထဲ့ကမိုး...။ ။

No comments:

Post a Comment