Monday, January 30, 2012

”အိုဘယ့် ကယ်တင်ရှင်



ဒေါသပြင်းပြင်းနဲ့ 
အံကြိတ်ရင်း
တောက်တင်းတင်းခေါက်မိ။

ခေတ်ပျက်တယ်ဆိုတာ
နှစ်ဆယ့်တစ်ရာစုမှာ
ငါ တို့ တိုင်းပြည်ဟာထိပ်ဆုံး
ဒေါသထွက်မဆုံးမိတော့။



ငါ တို့ တိုင်းပြည်က
သယံဇာတ
အကြမ်းအဖျင်းရတဲ့
အိမ်နီးချင်းတွေကကြီးပွါး
ငါတို့ မှာ
ထမင်းချက်ဖို့  မီးပွါးတာတောင်
ထင်း”ကမနိုင့်တနိုင်
မျက်ရည်လည်ရင်း
အံကြိတ်ရင်း
တောက်တင်းတင်းခေါက်မိ။

ဟိုနေ့ က
ငါ တို့ ဆီက ”ငါး”
ငါတို့ ဆီအလည်ပြန်လာ
တသေတ္တာကို အဲဒီလောက် နဲ့ 
ရှေးကဆိုစကား
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
ကြားလို့ မှမတော်ဘူး
အံကြိတ်ရင်း
တောက်တင်းတင်းခေါက်မိပြန်။

ငါတို့ မှာ
အာဏာနဲ့ ပါဝါမိုးကောင်းရေတွေသာ
အတ္တကြီးကြီး
ဒေါသကြီးကြီးနဲ့ 
ဝုန်းဒိုင်း တိုက်စားမှုအောက်ခံရ
ခိုင်ကြည် ချို့ တဲ့စွာ
ကိုယ့်ဘ၀ကိုယ်ရပ်တည်တဲ့
ကမ်းပါးတွေလဲ
အပြိုပြိုအလဲလဲ
ဒုက္ခရေစီးကြောင်းထဲ
မြောပါနေရဆဲပဲ။



ငါတို့ ရဲ့ ကောင်းကင်ကို
နိုင်ငံတော်ဆိုသူတို့ 
ယမ်းငွေ့ စုံတိမ်တိုက်တွေနဲ့ 
စိတ်ကြိုက် တိုက်ခိုက်လို့ ဖုံး
မျော်လင့်ချက် အာကာ တခွင်လုံး
အာဏာမိုးတိမ်တွေဖုံးလို့ ။

အတ္တပူရဲရဲအောက်မှာ
ဒုက္ခ၀တ်စုံဝတ်ဆင်ထားကြရ
သောကချွေးသီးအထပ်ထပ်နဲ့ 
ငရဲမီးဟပ်သလို
တဦးချင်း ဘ၀တွေက
ပူပြင်းလောင်ကျွမ်းကြရ
နိုင်ငံချစ်ခေါင်းဆောင်များတဲ့လား
ကယ်တင်လှဲ့ ပါ။

No comments:

Post a Comment