Sunday, January 29, 2012
သမိုင်းသစ်စာမျာနှာ
မရှိမဖြစ်ဆိုတာထက်
ပင်ကိုယ်ဟန်သဘာဝ
ခပ်ပြပြသာကျန်တော့။
အရင်းအမြစ်တွေကအစမ်းခံ
သုံးတစ်ခါ စွန့် တမျိုးနဲ့ 
မရိုးအီတဲ့ခေတ်ရေစီးက
မှန်မှန်ကြီးချီတက်နေရော့။
တန်ပြန်တဲ့နိယာမ
စုံလှတဲ့ကပ်ဆိုး
မလှပတဲ့အနိဌာရုံ
ကမ္ဘာအနှံ့ ကြုံရပေါ့။
သူမနိုင်ကိုယ်ကရှုံး
အမုန်းနဲ့ စစ်
ရုန်းရင်းဆန်ခတ်ဖြစ်တာတွေလည်း
အရှုပ်ထဲကသပွတ်အူ
အပူကိုမီးမြိုက်
လူသားတွေလောင်တိုက်ထဲ
ဘယ်တော့လည်းအန္တိမ။
နေ့ စဉ်ရက်ဆက်
မျိုးဆက်သစ်တွေကဆက်ခံ
ငြိမ်းချမ်းရေးဆိုတာဟန်ပြယုဒ်
အပူရုပ်ကိုဟန်လုပ်ပြီး
ကမ္ဘာကြီးအတွက်လုပ်နေတယ်ဆိုတာတွေကို
တစ်ခါပြန်ဆန်းစစ်
သမိုင်းသစ်ကိုပုံဖေါ်ဖို့ အချိန်တန်ပြီ။
No comments:
Post a Comment