Monday, January 30, 2012

လေနှင်ရာလွင်.ပေးနေရတဲ.တိမ်တွေလို ..



ဘ၀တွေက...
ကံစီမံရာအတိုင်း လိုက်လွင်.ပေးနေရတာများ....။


ရတာမလို....လိုတာမရနဲ.
ဆန္ဒနဲ.ဘဝ
ထပ်တူမညီခဲ.ကြဘူး....။


တစ်ချို.က...
ကံကြမ္မာကို ယတြာချေလို. ရသတဲ. ....။


တစ်ချို.က ....
ကံကြမ္မာကို ကလားဖန်ထိုးလို. ရသတဲ....။


ဇာတိအဖြစ် ရရှိပြီးမှတော.လည်း
လောကဓံကို ရဲရဲရင်ဆိုင်လို. ....
မနိုင်ခဲ.ရင်တောင်မှ
တိုက်ပွဲဝင်ကြရင်း
သေပါရစေ ....။


တစ်ချို.က....
ဂုဏ်သိက္ခာကို
ငွေနဲ.၀ယ်ဖို. ကြံစည် ....။


တစ်ချို.က ....
ကိုယ်ကျင်.တရားကို
ငွေနဲ.၀ယ်ဖို. ကြိုးစား ....။


ဟောဟို...လမ်းမများပေါ်မှာ....
စိတ်ရောင်စုံတွေ သွားကြ ... လာကြ ....
တရှပ်ရှပ်...တရွရွ နဲ. .....
ရုပ်မှာစိတ်ကပ်မနေကြဘူး...။


လူစည်ကားရာအရပ်မှာ
မုဆိုးခြေရာတွေကခြေရာချင်းထပ်လို. ....။


ငါ့ကိုယ်ငါ လက်တို.ပြီး ပြန်မေးကြည်.၇ဦးမယ်...
ငါက...မုဆိုးလား?
သားကောင်လား? ....ဆိုတာ ....။

မုဆိုးတွေက ဘာလို.များသားကောင်ဖြစ်သွားခဲ.ရပါသလဲ?


လည်ပင်းဖက်ပေါင်းပြီးမှ
နောက်ကျောကိုဓားနဲ.၀င်ထိုးတတ်တဲ.
ဒီနေ.လူမှုရေးရာမှာ
ပတ်ဝန်းကျင်လေထုကညစ်ညစ်ညမ်းညမ်း....။


လေကောင်းလေသန်.မရှိတဲ.အရပ်မှာ
ဘ၀ကိုခြေမချလိုတော.
မိုးခါးရည်မသောက်လို. အရူးလို.ပဲဆိုဆို....။


ယိုင်စောင်းနေတဲ.ကမ္ဘာကြီးကို
ဘယ်လိုနည်းနဲ.ပြန်တည်ပေးလို.ရမလဲလို. .....
တွေးတွေးပြီးစိတ်ကြီးဝင်နေမိတိုင်း
သတိရမိတာက....ငါ.ဘ၀ကိုယ်နှိုက်ကိုက
ခုမှ...နလန်ထူစ ရှိသေး...။

ဆိုတော. ....
စောင်းရွဲ.နေတဲ.လူတွေထဲမှာ
ကိုယ်ကိုယ်တိုင် စောင်းပါမသွားဖို.ကိုပဲ
သတိမြဲမြဲဆွဲလို.....။

ပျံသန်းနေတဲ.ငှက်တွေလောက်တောင်မှ
ငါတို.ဘ၀တွေက မလွတ်လပ်ကြတော.ဘူးလား?


ဘ၀တူတွေဆီ ဝေငှချင်တဲ.မေတ္တာတရားကို
အိမ်မက်လိုဆက်မက်ရင်း ....
မျှော်လင်.ခြင်းတွေက
နှစ်ချို.ခဲ.ကြပြီ

No comments:

Post a Comment