Sunday, January 29, 2012
တမ်းတရုံလေး
တခါလေမှာ..
ဘာမှန်းမသိပဲမွန်းကြပ်နေတဲ့အခါ
ငါ့ကိုယ်ငါဘယ်လိုနှစ်သိမ့်ရမှန်း မသိဘူး
တခါတလေ..
ငါကိုယ်တိုင်လမ်းပျောက်နေတတ်တော့..
ဘယ်သူ့ ကိုဘယ်လိုအားပေးရမှာလဲ
သူတပါးကိုလှေခါးထစ်လုပ်မှ
အမြင့်ကိုရောက်ရမဲ့အခြေအနေတွေ
မလိမ်ညာတတ်ရင်
နေစရာကြပ်တဲ့ပတ်ဝန်းကျင်...
ကိုယ့်အတွက်မဟုတ်တောင်မှ
နေ့စဉ်မြင်နေရတဲ့..မတရားမှုတွေ
ငါနဲ့ ..ဘယ်လိုမှနေသားမကျတဲ့..၀န်းကျင်တခုမှာ
အလိုမကျမှုတွေ..
တွေဝေမှုတွေနဲ့ 
မွန်းကြပ်စွာနေထိုင်နေရင်း
ငတ်မွတ်စွာတမ်းတမိတာက.
မြက်ခင်းစိမ်းတွေရှိတဲ့..
No comments:
Post a Comment