Monday, January 30, 2012

အကြင်နာ ပန်း ဥယျာဉ်





တိတ်တခိုးအချစ်နဲ့ မျိုးစေ့ပျိုးပြီး
မေတ္တာရေတွေ လောင်းသွန်လာတော့
အချစ်ပန်းလေး လန်းပြီပေါ့
အကြင်နာပန်းလေးလှစေဖို့
ကိုယ်တိုင်ပျိုးလို့ မချိုးရက်တာ
ဝေးဝေးကဘဲကြည့်နေမှာ (ဥယျာဉ်မှုး)

ကြည့်ခါအမျှ လှပပေတယ်
ချစ်စရာ့အစုံ ရနံ့ထုံတယ်
ငါ့ရင်တိမ်းညွတ် ခူးဆွတ်ချင်လို့
အကြင်နာပန်းလေး ခွင့်ပြုကွယ် ( ပန်းချစ်သူ)

မဆွတ်ခင်ကညွတ်နေမိတဲ့
ဥယျာဉ်မှုးရဲ့ပန်းတစ်ပွင့်ပါ
ဆွတ်ယူခြွေနမ်း လက်ကမ်းလှမ်းဖို့
အချိန်ကြာညောင်း ရက်လ ပြောင်းသော်
ပန်းလေးဘ၀ နွမ်းလျပြီပေါ့
ဒါပေမယ့်လည်းဥယျာဉ်မှုးရယ်
ပန်းချစ်သူလည်းလူပါဘဲ (အကြင်နာ)

လေးစားစွာချစ်ခဲ့လေသမျှ ကြင်နာပြဖို့မေ့လျော့နေတဲ့
ဥယျာဉ်မှုးလို လူကြီးအတွက်...

No comments:

Post a Comment