Tuesday, January 31, 2012

အပြုံးမပြတ်တဲ့လမင်း


အပြင်ပန်းအသွင်ဆန်းပြုံးပြနေပေမယ့်
ဒုက္ခနတ်ဆိုးတွေကြောင့်
နာကျင်နေတဲ့ အမေ့ရင်မှာ
နှလုံးသားတွေ ကြေမွနေရောပေါ့.............
အမေဟာလေ
မာယာများတဲ့ လောကကြီးမှာ
ဘ၀ရဲ့ဒဏ်ကိုရင်းဆီးခံလို့
ဒီဆင်းရဲသား ငမွဲတွေအတွက်ဆို
သွေးအသက်ကိုအလေးမထား
အမဲရိုးနဲ့ထမင်းစားပြီး
မြင့်မိုရ်တောင်ကြီးကိုတောင်
ဇီးသီးလို သဘောမှာကပ်
+ကျေနပ်စွာ ထမ်းရွက်မည့်သူပါ..........
အဆုံးစွန်ထိပြောရရင်
ရိုးတံပြိုင်းပြိုင်းထနေတဲ့
နွေရာသီ သစ်ပင်တွေလို
ပူပြင်းလွန်းတဲ့ ဘ၀နေကြောင့်
ဆံဖြူသွားကျိုးခါးကုန်းနားထိုင်
အိပ်ယာထဲဘိုင်းဘိုင်းလဲခဲ့ရင်တောင်
ဇရာမင်းရဲ့ လက်တွင်းကနေ
တောက်ပနေတဲ့ အပြုံးပန်းလေးများနဲ့
ဆင်မြန်းပေးဦးမယ့်သူဟာ...........အမေပါ.............။

No comments:

Post a Comment