Saturday, January 28, 2012

အာဇာနည်နေ့

အာဇာနည်နေ့

 


+ စိန်တောင် စိန်သွား
ယုံကြည်ခြင်းတရား ဘောင်ကျက်ထားတဲ့
ပြည်သူ့ နှလုံးသား ကင်းဘတ်ပြားပေါ်မှာ
အောင်ဆန်းနဲ့ အာဇာနည်တွေ
 


ရဲရင့်စွာ ဖန်ဆင်း
စုတ်ချက်ပြင်း ပန်ချီကား
တခမ်းတနား
နီမောင်းပျိုမြစ် သမိုင်းသစ်ဆဲ။


+ အဲဒီမှော်ဝင် ပန်ချီကားကို
သူခိုး စစ်ဓါးပြ လူပွေ
အမျိုး မစစ် သူတွေက
မလိုတမာ စရိုက်ကြမ်းနဲ့
အိမ်ဦးခန်းကဖယ်
မေ့ပင်လယ်မှာ ချောင်ထိုး
မှိုချိုး မြှစ်ချိုး
ဒါ- သွေးရိုး သားရိုး မဟုတ်…။

+ ဒီ ပန်းချီကား
ဖျက်လို့လဲ မ၀ါး
ပျက်လို့ လဲမသွား
လူထု နှလုံးသားမှာ စွဲထင်
အသက်ဝင်လို့ မဆုံး
ဖျက်သူသာ သုဉ်းမဟေ့
တိမ်ဆိုတာ အမြဲ မဖုံးဘူး မိတ်ဆွေ။

No comments:

Post a Comment