Sunday, January 29, 2012

အဖေနဲ့ အမေသို့ ပေးစာ

အဖေနဲ့ အမေသို့ ပေးစာ

အဖေနဲ့ အမေ
အကျိုးတော်ဆောင်
လောကဘောင်မှာ
ရင်ဝယ်ပျိုးလောင်း
မေတ္တာဆောင်းကာ
ဒုက္ခလည်းချို
သောကလည်းပျော်
ဝေဒနာတွေ

အဖော်ပြုလို့
သားတို့မောင်နှမတွေအတွက်
ဘ၀တွေပေးခဲ့တယ်နော်
ကျေးဇူးပါ
အဖေနဲ့အမေ
လက်မငယ်မှ
လက်သန်းသွယ်
ကျန်အဖော်တွေ
မောင်နှမချည်းပဲ
ဘယ်ညီမ ဘယ်မောင်
ဖေမေတို့ဆီမှာ
နားလည်မှုလွဲ
မစာနာခဲ့လည်း
ဘယ်ချိန်ဘယ်မဆို
ရော့ဖေမေ
တစ်ပြားတစ်ချပ်
မပေးနိုင်လဲ
စိတ်ထဲအမြဲ
ဖေမေ စိတ်ချမ်းသာဖို့အရေး
သား တွေးတောမြဲပါ
အဖေနဲ့ အမေရယ်.....။

No comments:

Post a Comment