Monday, January 30, 2012

Internet ချစ်သူ

Internet ချစ်သူ

ဘုရားသခင်ရဲ့၊ဆန္ဒအရ
တစ်ယောက်တစ်နေရာ
မြေပြင်လွှာခြားပေမဲ့
တမိုးအောက်ထဲတော့အတူတူ။
အယူအဆ၊ဘာသာတွေကွဲပေမဲ့
ဘာသာလမ်းဆုံက၊အကြင်နာနဲ့မေတ္တာတရား။
ကံတရားပါခဲ့လို့၊သည်ကမ္ဘာမှာကြုံခွင့်ရ
ကြင်နာကြတာကလဲ၊ဘေးလူတွေဟားကြတဲ့အထိ။

Good Morning
Good Afternoon
Good Evening
Good Night
နေ့စဉ်မပျက်ဝတ္တရား
တစ်ခါတလေ breakfast
တစ်ခါတလေ Lunch
တစ်ခါတလေ Dinner
အမြဲတမ်း၊၊ပန်းစည်းဆက်
ဗျတ္တထက်၊ဆယ်ဆသာ
သူငယ်ချင်းတွေက၊ပြောကြတယ်၊
တကယ်မစားမသောက်ရ၊မင်းဘ၀ကဒုက္ခပါလား။
ပါလာတဲ့ထမင်းချိုင့်၊အလစ်သုတ်သူကသုတ်
စားမယ်လုပ်တော့၊ဘာမှမကျန်၊
ဂျိုင့်ထဲမှာစာဘဲကျန်တယ်
အင်တာနက်ထဲကမုံနဲ့၊မင်းဝနေပါပြီတဲ့။
ဘာဘဲဖြစ်ဖြစ်လေ၊ဖူးစာပါခဲ့လို့
သည်ကမ္ဘာမှာ၊ကြုံခွင့်များရခဲ့ရင်
ဆံဖြူသွားကြွေ၊ပါးရေတွေလိပ်တဲ့အထိ
ကြည်နူးစွာနဲ့၊ဘ၀ကိုဖြတ်သန်းရအောင်၊
စားဝတ်နေရေး၊က ကိုယ့်တာဝန်ထား၊
သစ္စာရှိဖို့နဲ့၊အလုပ်ကအပြန်
ပန်းနေတာကို၊အနမ်းနဲ့ကြိုရမှာကချစ်သူ့တာဝန်။
ဝါသနာကတူပြီးသားသစ္စာတရားသာပေးအပ်ရင်ဖြင့်၊
တစ်မိုးအောက်တစ်မြေပြင်၊မောင်သာလျင်ကံအကောင်းဆုံးပေါ့နော်။
ခေါင်းကလေးညိတ်လို့၊ရီပြုံးတဲ့မျက်နှာနဲ့၊
ကမ်းလင့်တဲ့လက်ကိုတွဲ၊ဘ၀ထဲဝင်ကြမယ်လို့၊
သဘောတူနေချိန်မှာမှ၊
တယ်လီဖုန်းကတဂွမ်ဂွမ်၊ဆူညံသံပေါင်းစုံနဲ့။
ဂရေဟမ်ကိုလည်းမေတ္တာပို့၊ဘာလဲလို့မေးတော့မှ
နံနက်အိပ်ယာထဖို့၊ပေးထားတဲ့အလမ်း၊
သေသာသေစမ်းချင်တယ်ကွာ၊
တစ်ညတာအလွမ်းကမရပ်၊နွမ်းဖတ်ဖတ်နဲ့ရင်ကတုန်
ကတုံကရင်နဲ့၊ရုံးဝင်ရပေဦးမယ်။
(အနာဂတ်ကြယ်ပွင့်လေးများ) 

No comments:

Post a Comment