Monday, January 30, 2012

ထားခဲ့ပါတော့ ချစ်သူ


လိမ်ညာနေတယ်…

ကျိန်စာတွေ မပြယ်သေးလို့

တချိန်တစ်ခါက အနမ်း

ပြန်တမ်းတလို့ ရပါ့မလား….။



ယုယမှုရဲ့ ရလဒ်

ရက်စက်ခြင်းနဲ့ စပြီး

ဒဏ်ရာတွေနဲ့ဆုံးတော့

ငါ့နှလုံးသား ကြေမွနေပြီ…..။



ချစ်ခြင်းရဲ့ နောက်ကွယ်

မယာအပြုံးထားပြီး

ကံကြမ္မာအဆုံးတိုင် မင်းမုန်းနေလဲ

ခွင့်လွှတ်နေမယ် ချစ်သူ….။



တွေ့ဆုံပြီးရလို့

ခွဲခွာရတာ မဆန်းပေမယ့်

မခွဲနိုင်တာ ပြဿနာပဲ.....။



ခွဲခွာပြီးလဲ မမြဲသောတရား

လက်ကိုင် မထားနိုင်ပြန်တော့

သတိရနေတာက ခက်တယ်….။



အကောင်းဆုံး ပေးဆပ်ခြင်းက

ရယူခြင်းကောင်းဖို့ဆိုရင်လဲ

ငါမင်းအတွက်ပေးဆပ်ထားတာ

ဘာတွေပြန်ရခဲ့သလဲ…..။


မင်းပြောသလို
ငါက နတ်ဆိုး

မင်းက နတ်သမီးမို့

ငါမရှိမှ ရမယ်ဆိုရင်

ရပါတယ် မင်းကောင်းစားဖို့

ထားခဲ့ပါတော့ ချစ်သူ…..။

No comments:

Post a Comment