Sunday, January 29, 2012

ငါတို့တွေရဲ့ ဆုတောင်း

ငါတို့တွေရဲ့ ဆုတောင်း

ထမင်းပန်းကန်ပေါ်မှာ
အငွေ့ တထောင်းထောင်းထနေတဲ့
ထမင်းလေးတောင် မစားရသေးခင်မှာပဲ
ငါတို့ရဲ့  ခေါင်းမှာ ချွေးဟောင်းလောင်းပေါက်တွေနဲ့....။
လောကစာမျက်နှာမှာ
သေရွာက  ကဗျာတစ်ပုဒ်
ငါတို့လူလုပ်ရင်း ဖတ်နေရပြီ။
ပြန်တဲ့သူကလဲ ပြန်ကြပြီ
ငါကရော...
လေလွင့်နေတဲ့ စိတ်ကူးတွေနဲ့
ရွက်အိုတွေလို ပြန့်ကျဲနေလိုက်တယ်။
ငါတို့ရဲဆုတောင်းတွေ
ခေါင်းရင်းကကြားရတဲ့ တရားသံတွေလောက်တောင်
ထည်ထည်ဝါဝါ မရှိခဲ့ကြဘူး။

ဒီလိုနဲ့...
ဆက်နစ်လိုက်ကြတာပေါ့....
မဆုံးနိုင်တဲ့
သံသရာရှည်ကြီးထဲမှာလေ...။

No comments:

Post a Comment