Tuesday, January 31, 2012

ဒဏ်ရာနဲ့နှလုံးသား


လှပတဲ့မင်းကို
မြင်မိတဲ့
ငါ့မျက်လုံးအစုံက
နှလုံးသားတံခါးကိုခေါက်
ဒေါက်...ဒေါက်...ဒေါက်
နှနှယ်တဲ့ငါ့နှလုံးသား
အချစ်ကိုမခံစားဖူးတဲ့ငါ
မင်းနဲ့တွေ့မှချစ်တတ်ခဲ့
မချစ်ဖူးလို့အချစ်ရှုး
အချစ်ဦးသူမို့
အပြစ်မယူ
မခွဲမခွာ
တစ်သက်စာ
မျှော်ကာရည်စူး
ဆုတောင်းဖူး
မုန်းကာမေ့ကာ
စွန့်ပစ်ကာ
ရက်စက်သွားတဲ့
မင်းနှလုံးသားက

ငါ့ကိုအကြိမ်ကြိမ်

ဒဏ်ရာတွေပေးခဲ့ဖူးတယ်...

မင်းပေးခဲ့တဲ့

ဒဏ်ရာနဲ့ငါ့နှလုံးသားကို

ဒီမှာတင်

ငါခွဲထုတ်ပြစ်လိုက်ပြီ....

No comments:

Post a Comment