Wednesday, February 29, 2012

ရွှေနံ့သာတောင်သူအချို့အား မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူတွေ့ဆုံ
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စုရှိ တောင်သူများ ဖြစ်သည့် ဦးကျော်စိန်(ဘ)ဦးမင်း အပါအ၀င် ၇ ဦးအား မင်္ဂလာဒုံ မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင် ဖေဖော်ဝါရီလ ၂၈ ရက် နေ့၊ နေ့လယ် (၁)နာရီခန့်တွင် မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူတွေ့ဆုံ ၍ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီမှ ပြုလုပ်မည့် ““မြေယာ နှင့်ဖွံ့ဖြိုးရေး””ဟောပြောပွဲသို့၎င်းတို့တက်ရောက်မည့် ကိစ္စနှင့်ပတ် သက်၍ ပြောကြားခဲ့ကြောင်းသိရ သည်။
 

ခေါ်ယူတွေ့ဆုံခြင်းခံရသော တောင်သူများထဲမှ တစ်ဦးဖြစ် သည့် ဦးကျော်စိန်က ““ မြို့နယ်မှူး က ပါတီဟောပြောပွဲဆိုလျှင် ပါ တီလမ်းစဉ်တွေချပြလို့ရတယ်။ အခုခေါင်းစဉ်နှင့်ပတ်သက်တဲ့ ဟောပြောပွဲကို ခွင့်မပြုထားဘူး။ ဒါကြောင့် အခုလိုခေါ်ယူတွေ့ဆုံ အသိပေးခြင်းဖြစ်တယ်လို့ ပြော တယ်””ဟု Hot News သတင်း ဂျာနယ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်ကို ပြန်လည်ပြော သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေက ““ မတူကွဲ ပြားခြင်းပါတီက ၂၉.၂.၂၀၁၂ ရက်မှာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာအတွင်းရှိတဲ့ဦးကျော် စိန်ရဲ့ လယ်ကွင်းမှလူထုအင်အား ၂၀၀လောက်နဲ့ မြေယာနှင့်ဖွံ့ဖြိုး ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဟောပြော ပွဲလုပ်ဖို့ စီစဉ်ဖိတ်ကြားခဲ့တယ်။ ဒါပေမဲ့ မြို့နယ်ကော်မရှင်က မြို့ နယ်အုပ်ချုပ်ရေးမှူးကို လမ်းညွှန် ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့ နယ်ရဲတပ်ဖွဲ့မှူးကိုတဆင့်ပြန်လမ်း  ညွှန်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကဒီ ဟောပြောပွဲကိုခွင့်မပြုနိုင်ကြောင်း အကြောင်းကြားလာပါတယ်။ ဒီ လိုအဆင့်ဆင့် အကြောင်းပြန် ကြားစာတွေမှာ ခေါင်းစီးတွေအ နည်းငယ်ကွဲလွဲလာတာသတိပြုမိ တယ်။  ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က City Star ဟိုတယ် မှာ ပထမအကြိမ် မေးမြန်းဆွေး နွေးပွဲတစ်ခုလုပ်တုန်းက တိုင်း ကော်မရှင်က ခွင့်ပြုခဲ့ပေမဲ့ အခု ဟောပြောပွဲကိုမြို့နယ်ကော်မရှင် က ခွင့်မပြုတဲ့အပေါ် ပါတီဝင် တွေလေ့လာသုံးသပ်နိုင်ဖို့နဲ့နောက် နောင်ဟောပြောပွဲတွေ၊အခမ်းအ နားတွေအတွက် ဘယ်လိုခွင့်ပြု ချက်ယူရမလဲလို့ ဆွေးနွေးစရာရှိ လာတယ်။ အခုလောလောဆယ် တော့ ဟောပြောပွဲမလုပ်တော့ပဲ မိတ်ဆုံစားပွဲတော့လုပ်မယ်””ဟု ပြောသည်။
Hot News

No comments:

Post a Comment