Wednesday, February 29, 2012

“ နှလုံးသားဖျားနေသည် ”

မျက်စိရှေ့မှာ ပျောက်ဆုံးသွားတဲ့
ပြက္ခဒိန် စာရွက်တစ်ခု
နောက်တစ်နေ့လို့ခေါ်တဲ့
ဒီနေ့ရဲ့ အာရုဏ်ဦး
သတိရမှုတွေနဲ့ နိုးထခဲ့တယ်
ပြီးသွားပြန်ပြီ
ရင်ကွဲနာကျ သေဆုံးသွားတဲ့
နေ့တစ်နေ့တော့
လိုက်ပို့သူမရှိ ငိုကြွေးသူနတ္ထိ
 
လူမသိ သူမသိ
တိတ်တဆိတ် သဂြိုလ်လိုက်ရပြီ ။
မနက်ဖြန်ရေ…..
ငါ…… မင်းကို
ကြိုဆိုပါတယ်
ဒါပေမဲ့……..
မင်းရင်ထဲက အလွမ်းတွေကို
ဒီနေ့တော့ လွှင့်ပစ်ပေးပါ
ငါခံနိုင်ရည် မရှိသေးလို့ ။ ။
“ အဖြည့်ခံ ”
မင်းသာလိုအပ်မယ် ဆိုခဲ့ရင်
ငါ့ကို Joker လို
သတ်မှတ်လို့ရတယ် xxx
မင်းရဲ့လိုအပ်မှုတွေ
ကုန်ဆုံးသွားခဲ့ရင်တော့
ငါဟာ အမှိုက်တစ်အဖြစ်
စည်ပင်ကားပေါ်
ခုန်တတ်လိုက်မယ် xxx
မင်းဘဝအခြေမြင့်ဖို့
ငါဟာလှေခါးထစ်အဖြစ်
ရှိနေမဲ့သူမို့ မင်းအတွက်ဆို
ဘယ်တော့မှမဆိုးသွမ်းဘူး
ဒါပေမဲ့…..
ရင်ထဲမှာ ခိုးနမ်းမိတာကိုတော့
ခွင့်လွတ်ပါ xxx

No comments:

Post a Comment