Tuesday, February 28, 2012

ပြည်သူတွေ နေပူမှာစိုးလို့ နေညိုချိန်မှာ မဲဆွယ်ခဲ့တဲ့ သုံးခွ ခရီးစဉ် (ရုပ်/သံ)
ပြည်သူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရမျိုးကို ကိုယ်ကိုယ်တိုင် တင်မြှောက်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို
တိုက်တွန်း လိုက်ပါတယ်။ ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်လာခဲ့တဲ့ သုံးခွမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်
 

ဟာ သုံးခွမြို့ဘုရင့်နောင် အားကစားကွင်း အစား ခွင့်ပြုထားတဲ့ လယ်ကွင်းနေရာမှာပဲ လူထုနဲ့ တွေ့ဆုံ ခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၆
ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကနေ စတင်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရာသီဥတု ပူပြင်းတဲ့အတွက် ပြည်သူတွေ အပူသက်သာ
စေဖို့ ညနေပိုင်း အချိန်ကို ရွေးချယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သုံးခွမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့ ကိုယ်စားလှယ်
လောင်း ဒေါ်စုစုလွင် အတွက် မဲဆွယ် စည်းရုံး ပေးခဲ့တာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ

No comments:

Post a Comment